လီဗာပူးလ်အသင်းသည် အသင်းတွင် အနာဂတ်လှုပ်ခတ်နေသော အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး ဆာလာအား ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေကို ခေါ်ယူမှုတွင် ထည့်သွင်းအသုံးချသွားမည်ဖြစ်ကြောင်း သိရသည်။
စပိန်သတင်းစာ Marca တွင် ဖော်ပြခဲ့သောသတင်းအရ လီဗာပူးလ်အသင်းသည် ပြင်သစ်ကလပ် PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေအားခေါ်ယူရန် ပစ်မှတ်ထားနေပြီး၊ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ၎င်းအားကမ်းလှမ်းရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် ပြီးခဲ့သည့် အပြောင်းအရွှေ့ရာသီများကတည်းကပင် ဘာပေအားခေါ်ယူရန် ပစ်မှတ်ထားခဲ့ဖူးပြီး ယခုအခါ လာမည့်နွေရာသီ၌ သူ၏အသင်းကို ပြင်ဆင်ရာတွင် ဘာပေကို မရမကခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်သည်။
ဘာပေကိုယ်တိုင်မှာလည်း ယခုနွေရာသီတွင် PSG အသင်းမှ ထွက်ပြီး ပြင်သစ်မြေကို စွန့်ခွာကာ ဥရောပထိပ်သီးအသင်းတစ်သင်းသို့ပြောင်းရွှေ့ကစားမည် ဟု သတင်းများ ထွက်ပေါ်နေသည်။
ဆာလာသည် ပြီးခဲ့သည့်ခရစ္စမတ်မတိုင်မီက စပိန်သတင်းစာ AS နှင့်တွေ့ဆုံရာ၌ စပိန်သို့ သူပြောင်းရွှေ့ကစားနိုင်ကြောင်း ဖွင့်ဟဝန်ခံထားသူဖြစ်သည်။
ထိုစဉ်က ရီးယဲလ် သို့မဟုတ် ဘာစီလိုနာအသင်းသို့ ပြောင်း ရွှေ့့ကစားနိုင်သလားဟု ၎င်းအားမေးမြန်းခဲ့ရာတွင် ဆာလာက မိမိအနေဖြင့် ရီးယဲလ်၊ ဘာစီလိုနာအစရှိသော ဥ ရောပထိပ်သီးအသင်းကြီးများ၌ က စားခွင့်ရလျှင် ပျော်ပျော်ရွှင်ရွှင်ကစား ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။