မွန်ညီညွတ်ရေးပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဦး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်မည်ဟု သိရ

မွန်ညီညွတ်ရေးပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဦး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်မည်ဟု သိရ
Published 7 February 2021
ဘိုဘိုမြင့်

မွန်ညီညွတ်ရေးပါတီ (MUP) မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဦး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။

မွန်ညီညွတ်ရေးပါတီ၏ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်က ကျင်းပခဲ့ပြီး မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် တပ် တော်က ကမ်းလှမ်းမှုအပေါ် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

“မနေ့ (ဖေဖော်ဝါရီ ၆ ရက်) က ပါတီ ဗဟိုကော်မတီရဲ့ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ အဓိက အနေနဲ့ နိုင်ငံတော်ကနေ ကျွန်တော်တို့ပါတီ ကို ကမ်းလှမ်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှာ ပါတီကိုယ်စားလှယ်အနေနဲ့ တစ်နေရာပါဝင်ပေးဖို့ ကမ်းလှမ်းလာတာရှိ ပါတယ်။ အဲဒီကိစ္စကို အဓိကဆွေးနွေးဖြစ်ပါ တယ်။ ဆွေးနွေးကြတဲ့အခါမှာလည်း အဲဒီစီမံ အုပ်ချုပ်ရေးကောင်စီမှာ ပါတီကိုယ်စားပြုအ နေနဲ့ ဒေါက်တာ ဗညားအောင်မိုးကို ရွေးချယ် တာဝန်ပေးဖို့ သဘောတူခဲ့ပါတယ်။ သက် ဆိုင်ရာကိုလည်း အမည်စာရင်းပေးပို့ထားပြီး ဖြစ်ပါတယ်”  ဟု နိုင်လယိတမက ပြောကြား သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် ပါဝင်ရန် ဆုံးဖြတ်ခဲ့ရသည့် အဓိကအကြောင်းရင်း မှာ သမိုင်းအတွေ့အကြုံအရ ၁၉၈၈ ခုနှစ်  ပြည်သူ့အရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလများ ဖြတ်သန်းခဲ့ရပြီး ယင်းဖြတ်သန်းမှုများတွင် တိုင်းရင်းသားပြည် သူများအနေဖြင့် အသက်ပေးခဲ့ရသည့်ဖြစ်စဉ် များရှိကြောင်း၊ သို့သော်လည်း တိုင်းရင်းသား ပြည်သူများ လိုိချင်သည့် နိုင်ငံရေးအဖြေမရ ရှိခဲ့ကြောင်း၊ ထိုသို့သော သမိုင်းအတွေ့အကြုံ အရ ထိပ်တိုက်ရင်ဆိုင်မှုနည်းကို ရှောင်လွှဲ ပြီး အပြန်အလှန်စေ့စပ်ညှိနှိုင်းသည့် လမ်း ကြောင်းကို ရောက်အောင်သွားမည်ဟု ရည် မှန်းထားသည့်အတွက် ယင်းကောင်စီတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းင်းက ဆက်လက်ပြောကြားသည်။

“ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ဖက် ဒရယ်ဒီမိုကရေစီကို ရောက်အောင်သွားဖို့အ တွက်က နိုင်ငံရေးစားပွဲဝိုင်းမှာ ညှိနှိုင်းအဖြေ ရှာမှ ရနိုင်တဲ့အတွက်ကြောင့် ဒီလိုပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် လိုလားတဲ့ဖက်ဒ ရယ်ဒီမိုကရေစီနိုင်ငံတော်ကို အားလုံးပါဝင် တဲ့ အစုအဖွဲ့ထဲမှာ ကျွန်တော်တို့ဆွေးနွေးညှိ နှိုင်းခွင့်တွေ ရလာမှာဖြစ်ပါတယ်။ နောက် တစ်ချက်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေရဲ့ ပေးထားချက်အောက်ကတစ်ဆင့်  ကျွန်တော်တို့ တိုင်းရင်းသားအခွင့်အရေးတွေ ကို တောင်းဆိုရယူနိုင်တယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ နောက်တစ်ချက်အ နေနဲ့ ရွေးကောက်ပွဲဥပဒေတွေ၊ နောက်ရွှေ့ ပြောင်းလုပ်သား မဲပေးတဲ့ကိစ္စတွေ၊ ပြီးခဲ့တဲ့ လွှတ်တော်မှာ အင်အားနဲ့ဆုံးဖြတ်ခဲ့တဲ့ ရွေး ကောက်ပွဲနဲ့ဆိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ မဲပေးခွင့်နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ဆွေး နွေးညှိနှိုင်းအဖြေရှာနိုင်မယ်။ အဲဒီအချက် တွေကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ”  ဟု နိုင်လယိတမက ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ပြည်သူ များ ထိခိုက်စေမည့်အပြင် သွေးထွက်သံယို ဖြစ်စေမည့်ကိစ္စများကို ရှောင်လွှဲ၍ အားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်မှုအခင်းအကျင်း အပေါ်တွင် ဆက်လျှောက်သွားမည်ဟု ရည် ရွယ်ထားသည့်အတွက် ကောင်စီတွင်ပါဝင် ရခြင်းဖြစ်ကြောင်းကိုလည်း ၎င်းင်းက ဆက် လက်ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖေဖော်ဝါရီ ၂ ရက်တွင် ဖွဲ့စည်းခဲ့ပြီး တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ မည်ဖြစ်သည်။

 

Most Read

Most Recent