ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ရီးယဲလ်နည်းပြ ဇီဒန်း ပြောကြား

ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ရီးယဲလ်နည်းပြ ဇီဒန်း ပြောကြား
Photo: AFP
Photo: AFP
Published 6 February 2021

ရီးယဲလ်နည်းပြ ဇီဒန်းက လက်ရှိတွင် ရလဒ်များဆိုးရွားနေသော်လည်း မိမိအနေဖြင့် ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ထွက်ခွာခဲ့ရသလို၊ လာလီဂါတွင်လည်း ရမှတ် (၄၀)မှတ်ဖြင့် အဆင့်(၃)နေရာ၌ ရပ်ညတ်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အက်သလက်တီကိုအသင်း(၅၀)မှတ်နှင့် (၁၀)မှတ်အထိ ကွာဟနေသည်။

ထို့ကြောင့် ရီးယဲလ်အသင်းနည်းပြ ဇီဒန်းအနေဖြင့် ရာထူးမှထုတ်ပယ်ခံရတော့မည်ဟု စပိန်မီဒီယာများက ဖော်ပြနေကြသည်။ သို့သော် ဇီဒန်းက မိမိအနေဖြင့် ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇီဒန်းက "ဘာတွေ ဖြစ်လာမယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ လူစာရင်းနဲ့ဆိုရင် ဒီရာသီကို အကောင်းဆုံးအဆုံးသတ်သင့်ပါတယ်။ လူတွေ ပြောနေကြတာတွေတော့ အများကြီးပါပဲ။ ရီးယဲလ်အသင်းအနေနဲ့ နည်းပြလဲသင့်ပြီး ဆိုတာတွေက အစပေါ့။ ကျွန်တော်က ကံကောင်းတဲ့သူပါ။ ကျွန်တော့်ကို လူတွေက ရာထူးက ထွက်စေချင်တယ်ဆိုရင်လည်း ရာထူးကနေ ကျွန်တော် နုတ်ထွက်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ကျွန်တော်တို့ အကောင်းဆုံး မစွမ်းဆောင်နိုင်ဘူးဆိုတာ အမှန်တရားပါပဲ။ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဇီဒန်းက မိမိတို့အသင်း လာလီဂါချန်ပီယံဆုကို ရယူခဲ့သည့် ပြီးခဲ့သည့်ရာသီက ဖြစ်ကြောင်းနဲ့ မိမိတို့အသင်း၏ မကောင်းသတင်းများကို ဖော်ပြနေသည့် မီဒီယာများအနေဖြင့် မိမိတို့ကို လေးစားမှုထားသင့်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent