နည်းပြလမ်းပတ် ရာထူးမှထုတ်ပယ်ခံရခြင်း၏နောက်ကွယ်တွင် လှုပ်ရှားခဲ့သည်ဆိုသည့် သတင်းများကို ရူဒီဂါ ငြင်းဆို

နည်းပြလမ်းပတ် ရာထူးမှထုတ်ပယ်ခံရခြင်း၏နောက်ကွယ်တွင် လှုပ်ရှားခဲ့သည်ဆိုသည့် သတင်းများကို ရူဒီဂါ ငြင်းဆို
Published 4 February 2021

ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်၏လက်အောက်တွင်  ပုံမှန်နေရာပြန်ရလာသော ရူဒီဂါက ထွက်ပေါ်နေသော သတင်းများကို ငြင်းဆန်ခဲ့ပြီး မိမိအနေဖြင့် အသင်းမှ လမ်းပတ် ထုတ်ပယ်ခံ ရရန် လုံးဝကြိုးပမ်းခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးနည်းပြရာထူးမှ လမ်းပတ်ထုတ်ပယ်ခံရစေရန် နောက်ကွယ်၌ သူလှုပ်ရှားခဲ့သည်ဆိုသည့် သတင်းများအား ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါက ငြင်းဆန်ပယ်ချခဲ့သည်။

ဂျာမန်နောက်ခံလူ ရူဒီဂါသည် ချယ်လ်ဆီးအသင်း အဝတ်လဲခန်းအတွင်း၌ အဓိကကျသောစီနီယာကစားသမားများထဲတွင် တစ်ဦးအဖြစ် ပါဝင်သူဖြစ်ပြီး လမ်းပတ် ရာထူးမှ ထုတ်ပယ်ခံရစေရန်အတွက် အသင်းတွင် ခလောက်ဆန်ခဲ့သည်ဟု  သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

သူနှင့် လမ်းပတ်အကြား ဆက်ဆံရေးအေးခဲနေသည်ဆိုသည့်သတင်းများလည်း ထွက်ပေါ်ခဲ့ပြီး လမ်းပတ်သည် ယခု ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အများစုတွင် ၎င်းကို သုံးစွဲခဲ့ခြင်းမရှိပေ။ 

ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်၏လက်အောက်တွင်  ပုံမှန်နေရာပြန်ရလာသော ရူဒီဂါက ထွက်ပေါ်နေသော သတင်းများကို ငြင်းဆန်ခဲ့ပြီး မိမိအနေဖြင့် အသင်းမှ လမ်းပတ် ထုတ်ပယ်ခံ ရရန် လုံးဝကြိုးပမ်းခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။ 

ထို့အတူ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာနှင့် သူ ရန်ဖြစ်ခဲ့သည်ဆိုသည့် သတင်းများကိုလည်း ရူဒီဂါက ငြင်းဆန်ပယ်ချခဲ့သည်။