ရိုးမားအသင်းတွင် ခြေစွမ်းပြနိုင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု အယ်လ်ရှာရာဝီ ဆို

ရိုးမားအသင်းတွင် ခြေစွမ်းပြနိုင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု အယ်လ်ရှာရာဝီ ဆို
Photo: Getty Images
Photo: Getty Images
Published 2 February 2021

ရိုးမားအသင်းတိုက်စစ်ကစားသမားသစ် အယ်လ်ရှာရာဝီက မိမိအနေဖြင့် အသင်းတွင် ခြေစွမ်းပြနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရိုးမားအသင်းသည် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းနှင့်လမ်းခွဲခဲ့သည့် အသက် (၂၈)နှစ်အရွယ် အယ်လ်ရှာရာဝီကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူကာ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ 

အယ်လ်ရှာရာဝီက မိမိအနေဖြင့် ပွဲမကစားရသည်မှာ အနည်းငယ်ကြာပြီဖြစ်သည့်အတွက် ကြံ့ခိုင်မှုပြည့်ဝအောင် အားထုတ်သွားမည်ဖြစ်ပြီး အသင်းအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော် ပွဲမကစားရတာ နည်းနည်းတော့ ကြာပါပြီ။ ဒါကြောင့် အကောင်းဆုံးအနေအထားရအောင် ကျွန်တော့်အနေနဲ့ အချိန်ယူပြီး လေ့ကျင့်ရမှာပါ။ ကျွန်တော့်အနေနဲ့ အသင်းရဲ့ ကြံ့ခိုင်ရေးအစီအစဉ်တွေအတိုင်း လုပ်ဆောင်သွားမှာဖြစ်ပြီး အသင်းရဲ့ယုံကြည်မှုအတွက် ပြန်လည်ပေးဆပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု အယ်လ်ရှာရာဝီက ပြောကြားခဲ့သည်။ 

အီတလီတိုက်စစ်ကစားသမား အယ်လ်ရှာရာဝီသည်​ ရိုးမားအသင်းတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး (၄)ရာသီအတွင်း (၁၃၉)ပွဲကစားခဲ့ရာ ဂိုး (၄၀) သွင်းယူပေးခဲ့သည်။ 

အယ်လ်ရှာရာဝီက ရိုးမားအသင်းတွင် တစ်ကျော့ပြန်ကစားခွင့်ရသည့်အတွက် ဝမ်းသာကြောင်းနှင့် မိမိကို ပြန်လည်ခေါ်ယူခဲ့သည့် အသင်းတာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent