မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုသည် အစိုးရအဖွဲ့ အပြောင်းအလဲ ပြန်လည်ပြုလုပ်ခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြ

မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုသည် အစိုးရအဖွဲ့ အပြောင်းအလဲ ပြန်လည်ပြုလုပ်ခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြ
Published 2 February 2021

မြန်မာနိုင်ငံတွင်တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းသည် အစိုးရအဖွဲ့ အပြောင်းအလဲပြန်လည် ပြုလုပ်ခြင်းသာဖြစ်သည်ဟု အာဏာသိမ်းသည့်အသုံးအနှုန်းကို ရှောင်လွှဲပြီး အာဏာလွှဲပြောင်း ရယူခဲ့သည်ဟုသာ တရုတ်နိုင်ငံ ပိုင်မီဒီယာတွင် သုံးနှုန်းဖော်ပြခဲ့သည်။ 

ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီ ခေါင်းဆောင်များက မြန်မာ့စစ်တပ်၏လုပ်ရပ်အပေါ် ရှုတ်ချခဲ့ကြပြီး အမေရိကန်သမ္မတဂျိုး ဘိုင်ဒင်ကမူ အမေရိကန်သည် မြန်မာနိုင်ငံသားများ၏ သဘောထားဆန္ဒဘက်က ရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအနေဖြင့် ၎င်းတို့၏သဘောထားကွဲလွဲချက်များကိုု ဖြေရှင်းကြရန် တရုတ်က တောင်းဆိုခဲ့ပြီး စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးနောက် ဝန်ကြီးနေရာများကိုအစားထိုးခြင်းသည် အဓိက အစိုးရအဖွဲ့ဝန်ကြီး အပြောင်းအလဲတစ်ရပ်ဖြစ်သည်ဟု ဆင်ဟွာသတင်းအေဂျင်စီတွင် ဖေဖော်ဝါရီ ၁ ရက်၌ ဖော်ပြခဲ့သည်။

စစ်တပ်၏ အာဏာလွှဲယူမှုသည် နိုင်ငံ၏ လက်တွေ့မကျသော အာဏာတည်ဆောက်မှုအား ပြုပြင်ပြောင်းလဲပေးလိုက်သည်ဟု ရှုမြင်နိုင်ကြောင်း အမည်မဖော်လိုသည့်ကျွမ်းကျင်သူများက ပြောကြားချက်ကို အမျိုးသားရေး Global Times သတင်းစာတွင် ကိုးကားဖော်ပြခဲ့သည်။

ယင်းသတင်းစာသည် တရုတ်ဝေဖန်ရေးသမားများကို ဆန့်ကျင်သောရန်လိုသည့် မှတ်ချက်စကားများကို ဖော်ပြလေ့ရှိသည်ဟု လူသိများသည်။

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း လက်ခံရန် ငြင်းဆိုခဲ့သည့် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်နှင့် ၎င်းအား ထောက်ခံသူများက လွှတ်တော်အစည်းအဝေးခန်းမဖြစ်သည့် Capitol အဆောက်အအုံကို ဝင်ရောက်စီးနင်းမှုများသည် မြန်မာစစ်တပ်အား အာဏာသိမ်းရန် စေ့ဆော်မှုများ ဖြစ်စေခဲ့ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူအချို့က သုံးသပ်ခဲ့သည်။

ပေကျင်းသည် ၎င်း၏ လူ့အခွင့်အရေး မှတ်တမ်းများအပေါ် ဝေဖန်မှုများကဲ့သို့ ၎င်း၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှုအဖြစ် ရှုမြင်သည့်အရာမှန်သမျှကို ကာလကြာရှည် ပြင်းထန်စွာ ငြင်းဆိုခဲ့ပြီး အခြားပြည်ပနိုင်ငံများ၏ ပြည်တွင်းရေးရာ အများစုအပေါ် ကြားနေပုံစံမျိုးဖြင့်သာ ရပ်တည်ခဲ့သည်။

မြန်မာနိုင်ငံသည် ပေကျင်း၏ ကြီးမားသည့်ရပ်ဝန်း၊ ပတ်လမ်း အခြေခံအဆောက်အအုံ စီမံကိန်း၏ အဓိကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

တရုတ်သမ္မတ ရှီကျင်းပင်သည် ပြီးခဲ့သည့် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်တစ်ခုကို ကူညီထောက်ပံ့သွားမည်ဟု မြန်မာအစိုးရကို ကတိပြုပြောကြားခဲ့သည်။

ဘိုင်ဒင်ကမူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို အလျင်အမြန် ပြန်လည်ထိန်းသိမ်းရန် တောင်းဆိုနေပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျနှင့်  အခြားနိုင်ငံများကလည်း အာဏာသိမ်းမှုကို ဝေဖန်ရှုတ်ချခဲ့သည်။

မြန်မာ့တပ်မတော်သည် NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ပြီးခဲ့သည့် သုံးလက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မဲလိမ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ကြောင်း စွပ်စွဲပြီး အာဏာသိမ်းရသည့် အကြောင်းကို ရှင်းချက်ထုတ်ခဲ့ကာ နိုင်ငံ့အရေးပေါ်အခြေအနေကို တစ်နှစ်ကြာထုတ်ပြန်ခဲ့ပြီး ယင်းနောက်တွင် ရွေးကောက်ပွဲအသစ်များ ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent