အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်

Published 1 February 2021

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသော အာဏာကိုကျင့်သုံးပြီး  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များအား မိမိတို့၏ တာဝန်များကို ဆက်လက် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အမိန့်အမှတ် ၃/၂၀၂၁ ဖြင့် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ည ၈ နာရီခွဲခန့်က ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသော အာဏာကိုကျင့်သုံးပြီး  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မိမိတို့၏ တာဝန်များကို ဆက်လက် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အမိန့်အမှတ် ၄/၂၀၂၁ ဖြင့် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ည ၈ နာရီခွဲခန့်က ထုတ်ပြန်ကြေညာခဲ့သည်။

Most Read

Most Recent