City Mart ဆိုင်ခွဲများအားလုံး ညနေ ၆ နာရီအထိသာ ဖွင့်လှစ်မည်

City Mart ဆိုင်ခွဲများအားလုံး ညနေ ၆ နာရီအထိသာ ဖွင့်လှစ်မည်
Published 1 February 2021

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ City Mart ဆိုင်ခွဲများအားလုံး၏ ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ဆိုင်ဖွင့်ချိန်အား ညနေ ၆ နာရီအထိသာ  ဖွင့်လှစ်မည်ဖြစ်ပါကြောင်း City Mart Supermarket Myanmar Facebooုk စာမျက်နှာမှ တဆင့်ထုတ်ပြန်သည်။

“ ကျွန်ုပ်တို့အနေနဲ့ စျေးဝယ်သူမိဘပြည်သူများ၏ လိုအပ်မှုများကို တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး တိုးကြိတ်စျေးဝယ်မှုများ မပြုကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်” ဟု  City Mart ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဖြစ်ပေါ်လာသည့် အခြေအနေများပေါ် မူတည်၍ ပြောင်းလဲမှုရှိလာပါက ထပ်မံကြေငြာသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။