ဂျူဗီအတွက်ပြန်ကစားခွင့်ရရန် ဒီဘားလား မျှော်လင့်

ဂျူဗီအတွက်ပြန်ကစားခွင့်ရရန် ဒီဘားလား မျှော်လင့်
Published 1 February 2021

ဒဏ်ရာကြောင့်အနားယူနေရ သည့် တိုက်စစ်မှူး ဒီဘားလားက ဂျူ ဗင်တပ်စ်အသင်းအတွက် အမြန်ဆုံး ပြန်ကစားခွင့်ရရန် မျှော်လင့်နေ ကြောင်း သိရသည်။

ဒီဘားလားသည် ပြီးခဲ့သည့်ဇန်နဝါရီလ အစောပိုင်းတွင် ကစားခဲ့သော ဆာဆူအိုလိုအသင်းနှင့် ပွဲ$ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းအားကစားဒါရု်ိက်တာ ပါရာတီချီက ဒီဘားလားအနေဖြင့် ရက် (၂၀)ခန့် အနားယူရဖွယ်ရှိကြောင်း ခန့်မှန်းပြောကြားထားသည်။

ပြီးခဲ့သည့် ဆမ်ဒိုးရီးယားကို ဂျူ ဗင်တပ်စ်အသင်း (၂-၀)ဂိုးဖြင့်အနိုင် ရရှိသောပွဲကို နေအိမ်တွင်ကြည့်ရှု ခဲ့သည့် ဒီဘားလားက '' ဂျူဗင်တပ်စ်အတွက် ပြန်ကစားပေးချင်ပါပြီ။ ကျွန်တော့်အသင်းဖော်တွေရဲ့ အောင်ပွဲတွေ အတွက် ပျော်ရွှင်ရပါတယ်''ဟု လူမှု ကွန်ရက်၌ ရေးသားခဲ့သည်။

ဒီဘား လားသည် လက်ရှိရာသီတွင် ပုံမှန်နေ ရာရရှိရန် ရုန်းကန်နေရပြီး ဂျူဗင် တပ်စ်နည်းပြ ပီယာလိုနှင့် အဆင်မပြေ မှုများရှိနေသည်ဟုသိရသည်။