Zhe Jian Yu Hang Hao Bo Open ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ယှဉ်ပြိုင်မည်

Zhe Jian Yu Hang Hao Bo Open ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ယှဉ်ပြိုင်မည်
Photo: Ti Ar Ko Facebook
Photo: Ti Ar Ko Facebook
Published 29 January 2021

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် ဇန်နဝါရီ (၂၉)ရက် (ယခုသောကြာနေ့)တွင် စတင်ကျင်းပမည့် Zhe Jian Yu Hang Hao Bo Open  ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

    

ယင်းပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်သည် လက်ရည်စစ်ပွဲအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး လက်ရည်စစ်ပွဲ အောင်မြင်မှသာ နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ 

ပြိုင်ပွဲကို ဇန်နဝါရီ (၂၉)ရက် မှ ဖေဖော်ဝါရီ (၂)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဖြစ်သည့် ကစားသမားမှာ မြန်မာငွေ ကျပ်သိန်း (၆၀) နှင့်ညီမျှသည့် ပမာဏရရှိမည်ဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် ယခုနှစ် အတွင်း စတုတ္ထမြောက်ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယှဉ်ပြိုင်ပြီးစီးခဲ့သည့် ပြိုင်ပွဲ (၃)ကြိမ်တွင် ချန်ပီယံဆု (၂)ကြိမ်ရရှိထားသည်။ 

ယခုကျင်းပမည့်ပြိုင်ပွဲတွင် တရုတ်ကစားသမားအများစု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရွေးစင်ကစားသမားအချို့လည်း ပါဝင်မည်ဖြစ်သည်။

 

Most Read

Most Recent