မူးယစ်ဆေးဝါး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အစိုးရအနေဖြင့် မွန်ပြည်သစ်ပါတီနှင့် နီးနီးကပ်ကပ် ပူးဆောင်ရွက်နိုင်ရေး စဉ်းစားပေးစေချင်ဟုဆို

မူးယစ်ဆေးဝါး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အစိုးရအနေဖြင့် မွန်ပြည်သစ်ပါတီနှင့် နီးနီးကပ်ကပ် ပူးဆောင်ရွက်နိုင်ရေး စဉ်းစားပေးစေချင်ဟုဆို
Published 25 January 2021
ဘိုဘိုမြင့်

မူးယစ်ဆေးဝါး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အစိုးရအနေဖြင့် မွန်ပြည်သစ်ပါတီ နှင့် နီးနီးကပ်ကပ် ပူးဆောင်ရွက်နိုင်ရေး စဉ်းစားပေးစေချင်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြည်တွင်းရေးရာ တာဝန်ခံဖြစ်သူ နိုင်ဗညားလယ်က ပြောကြား သည်။

“မူးယစ်ဆေးဝါးနဲ ့ပတ်သက်ပြီးတော့ ၂၀၁၂ ခုနှစ်မှ အစိုးရနဲ ့အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုတဲ့အခါမှာ ဒီမူးယစ်ဆေးဝါးနဲ ့ပတ်သက်ပြီး မူးယစ်ဆေးဝါး ကာကွယ်၊ ထိန်းချုပ်၊ ပညာပေးရေးနဲ ့ပတ်သက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြမယ်လို့တော့ သဘောတူညီချက်တော့ ရှိတယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်နဲ ့ပတ်သက်လို ့ဘယ်လို အသေးစိတ် ဆောင်ရွက်နိုင်မလဲ ဆိုတာကိုတော့ အခုအချိန်အထိတော့ ဆွေးနွေးမှုအပိုင်း မရှိသေးဘူး။ ဥပမာ ကျွန်တော်တို့ရဲ ့ဆက်စပ်နယ်မြေမှာ မူးယစ်ဆေးဝါးတွေ သွားဖမ်းတဲ့အခါ မှာ အစိုးရအနေနဲ ကန့်ကွက်မှုတွေ ရှိခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း မူးယစ်ဆေးဝါးကို အမျိုးသားရေးရန်သူအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း မူးယစ်ဆေးဝါးနဲ ့ပတ်သက်လို ့ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆောင်ရွက်နိုင်ဖို ့ကျွန်တော်တို့ မွန်ပြည်နယ်သစ်ပါတီနဲ ့အစိုးရ နီးနီးကပ်ကပ် ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာကို စဉ်းစားပေးဖို ့တောင်းဆိုချင်ပါတယ်”ဟု နိုင်ဗညားလယ်က ပြောကြားသည်။

မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ် နယ်မြေများအတွင်း လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး သုံးစွဲမှုတော်တော် များလာကြောင်း၊ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုများနေကြသည့်အတွက်ကို တချို ့မိဘများက ထိန်းသိမ်းလို ့ မနိုင်ကြတော့သည့်အတွက် မွန်ပြည်သစ်ပါတီဆီကိုလာပြီး ဝိုင်းဝန်း ထိန်းသိမ်းပေးရန် အကူအညီတောင်းခံပြီး လာရောက် အပ်နှံကြသည်များ ရှိပါကြောင်း၊ ထိုသို ့လာရောက်အပ်နှံကြသည့် လူငယ်များအား ထားရှိရန် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အတွင်းတွင် ဆေးဖြတ်စခန်းကို ဆောက်လုပ်နေစဲဖြစ်ရာ၊ ပြီးစီးမှု မရှိသေးသည့်အတွက် ဆေးလာဖြတ်ကြသည့် လူငယ်များအား ထားရှိရန် အခက်အခဲ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် လောလောဆယ်တွင် မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်များရှိ ခရိုင်ဌာနချုပ်အတွင်းမှာပင် မိဘများ လာရောက် အပ်နှံထားသည့် ကလေးများ၊ ဆေးဖြတ်ရန် လာအပ်ထားသည့် ကလေးများအား ထိန်းသိမ်း စောင့်ရှောက်ထားပါကြောင်း နှင့် လစဉ် ခရိုင်တစ်ခုတွင် ဆေးလာဖြတ်ကြသည့် လူငယ်ပေါင်း ၁၀၀ ဝန်းကျင်ခန့်ရှိပြီး လက်ရှိ သုံးခရိုင်ပေါင်း ဆေးလာဖြတ်ကြသည့် လူငယ်ပေါင်း၂၀၀ ကျော်ခန့်ရှိပါကြောင်း နိုင်ဗညားလယ်က ဆိုသည်။

၎င်းက ဆက်လက်ပြီး “ မွန်ပြည်သစ်ပါတီရဲ့ ခရိုင် (၃) မှာရှိတဲ့ မူးယစ်ဆေးဖြတ်တဲ့ စခန်းတွေမှာဆိုရင် အဓိက ဆေးဝါး အလုံအလောက်မှု ရှိဘူး။ နောက်ပြီးတော့ သူတို့ကို ကျွေမွေးဖို ့ဆန်ရိက္ခာ လုံလောက်မှုလည်း မရှိပါဘူး။ ကျွန်တော်တို ့တတ်နိုင်သမျှတော့ ၀ိုင်းဝန်းကျွေမွေးနေတာတော့ ရှိပါတယ်။ ပြီးခဲ့တဲ့ လကတော့ ကျွန်တော်တို ့ဒေသမှာရှိတဲ့ မွန်ဆရာဝန်တွေ စုပေါင်းပြီးတော့ ခရိုင် (၃) ခုအတွက်ကို ဆန်အိတ် ၂၀၀ ကျော် ထောက်ပံ့ပေးတာ ရှိပါတယ်။ ဒီနေ့မှာတော့ မွန်ပြည်နယ် အစိုးရအဖွဲ ့ကနေ ကျွန်တော်တို ့ခရိုင် (၃) မှာရှိတဲ့ မူးယစ်ဆေးဝါးဖြတ်တဲ့ စခန်းသုံးခုအတွက်ကို ဆန်အိတ် ၄ဝဝနဲ ့အားကစားပစ္စည်းတွေ လာရောက် လှူဒါန်းပေးပါတယ်။ အစိုးရအနေနဲ ့ထောက်ပံ့ပေးတာက ပထမအကြိမ် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီအနေဖြင့် ပညာပေးခြင်းအပြင် ကာကွယ်မှုအပိုင်းကိုလည်း ဆောင်ရွက်နေပါကြောင်း၊ ထိုသို ့ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးက ပပျောက်မှု မရှိကြောင်း၊ အဘယ်ကြောင့်သော် အကျိုးအမြတ်ရှိသည့် လုပ်ငန်းဖြစ်နေအတွက် လောဘသားများက မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပြည်သူလူထု ကြားထဲမှာကို ဖြန့်ဝေရောင်းချနေကြသည့်အတွက် အခုအထိတော့ ထိန်းသိမ်းလို ့မနိုင်သေးကြောင်း၊ တချို ့ဆိုလျှင် အလှူအိမ်များကအစ မူးယစ်ဆေးဝါးများကို သုံးစွဲနေကြသည့် အခြေအနေကို ရောက်နေကြောင်း နိုင်ဗညားလယ်က ပြောကြားသည်။

“ဒါကြောင့် ကျွန်တော်အနေနဲ ့ပြောချင်တာက လူငယ်တွေသည် အနာဂတ်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ အမျိုးသားရေးမှာ ဦးဆောင်ကြရမယ့် လူငယ်တွေ ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ လူငယ်တွေ နိုင်ငံရေးလည်း စိတ်မဝင်စားဘူး။ အမျိုးသားရေးကိုလည်း စိတ်မဝင်စားဘူး၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ပျော်ပါးနေကြမယ်ဆိုရင် အနာဂတ်မှာ ဦးဆောင်ရမယ့် လူငယ်တွေက ဦးနှောင်မပြည့်တဲ့သူတွေ၊ ရူးနှမ်းနေကြတဲ့သူတွေ ဖြစ်နေမယ်ဆိုရင် အနာဂတ်နိုင်ငံရေး၊ အမျိုးသားရေးစတဲ့ အခန်းကဏ္ဍတွေအတွက် မကောင်းနိုင်တော့ဘူး။ ဒါကြောင့် ဒီမူးယစ်ဆေးဝါးနဲ ့ပတ်သက်ပြီးတော့ မသုံးစွဲကြဖို့၊ ဝိုင်းဝန်း ကာကွယ်ပေးကြဖို ့မှာကြားချင်ပါတယ်” ဟု နိုင်ဗညားလယ်က ဆက်လက် ပြောကြားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ ့ဖြိုးပါတီအစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် က ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရ လက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထားခဲ့သည်။

Most Read

Most Recent