အစိုးရအနေဖြင့် မဲစာရင်းနှင့် ပတ်သက်သော အငြင်းပွားမှုများကို ဦးစားပေး အရေးယူ ဆောင်ရွက်ပေးသင့်ကြောင်း ကရင်ပြည်သူ့ပါတီ ထုတ်ပြန်

အစိုးရအနေဖြင့် မဲစာရင်းနှင့် ပတ်သက်သော အငြင်းပွားမှုများကို ဦးစားပေး အရေးယူ ဆောင်ရွက်ပေးသင့်ကြောင်း ကရင်ပြည်သူ့ပါတီ ထုတ်ပြန်
Published 25 January 2021

အစိုးရအနေဖြင့် မဲစာရင်းနှင့် ပတ်သက်သော အငြင်းပွားမှုများကို ဦးစားပေးအရေးယူ ဆောင်ရွက်ပေးသင့်ကြောင်း ကရင်ပြည်သူ့ ပါတီက ဇန်နဝါရီ ၂၄ ရက်တွင် သဘောထား ထုတ်ပြန်သည်။

တိုင်းပြည်၏ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းသော အနာဂတ်အတွက် လည်းကောင်း၊ တည်ဆောက်ဆဲဖြစ်သော ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေရန် အတွက်လည်း ရှေးရှု၍ နိုင်ငံတော်အစိုးရ အနေဖြင့် မဲစာရင်းနှင့်ပတ်သက်သော အငြင်းပွားမှုများကို ဦးစားပေးအရေးယူ ဆောင်ရွက်ပေးသင့်ကြောင်း စစ်မှန်သော မေတ္တာဖြင့် အကြံပြုသဘောထား ထုတ်ပြန် ပါသည်ဟု ကရင်ပြည်သူ့ပါတီက သဘောထား ထုတ်ပြန်သည်။

ကရင်ပြည်သူ့ပါတီသည် ၂၀၀၉ ခုနှစ် တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများအား လုံးတွင်တရားဥပဒေနှင့်အညီ လွှတ်တော် ကိုယ်စားလှယ်လောင်းများရွေးချယ်၍ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း ကရင်ပြည်သူ့ပါတီ၏ သ ဘောထားထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။

ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲကို COVID-19 ကပ်ရောဂါ ပြင်းထန်သော အချိန်တွင်ကျင်းပခဲ့ရသော်လည်း ကရင်ပြည် သူ့ ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ဥပဒေနှင့် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်း ချုပ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်း ဥပဒေများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ကရင်ပြည်သူ့ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွေးကောက်ပွဲအတွင်းနှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် ရွေးကောက်ပွဲဖြစ် စဉ်၏ တရားမျှတမှုနှင့်ပတ်သက်၍ သံသယ ဖြစ်ဖွယ်ရာအကြောင်းအရာများကိုကိုယ် တွေ့ရင်ဆိုင်ရသူများထံမှ သော်လည်း ကောင်း၊ သတင်းစာမျက်နှာအသီးသီးမှ သော် လည်းကောင်း ကြားသိနေရကြောင်း ကရင်ပြည်သူ့ပါတီ၏  ထုတ်ပြန်တွင်ပါရှိသည်။

ကရင်ပြည်သူ့ပါတီနှင့်သက်ဆိုင် သည့် ပြည်နယ်တစ်ခုဖြစ်သည့် ကရင်ပြည်နယ်တွင် မဲမသမာမှုဟု တွေ့ရှိရသော  မဲရာခိုင်နှုန်း ၃၂ ရာခိုင်နှုန်းကျော်ရှိသည်ဟု ကြားသိရပြီး အဆိုပါ သတင်းအချက်အလက်များသည် တရားဥပဒေအရ ပြန်လည်စစ်ဆေးထုတ် ပြန်နိုင်မှုမရှိသေးသ၍ အတည်ပြုနိုင်သော သတင်းဟု မယူဆနိုင်သကဲ့သို့ မဟုတ် မမှန်သောသတင်းဟူ၍လည်း သတ်မှတ် လက် ခံကြရန် ခက်ခဲနေလိမ့်မည်ဖြစ်ကြောင်း ကရင် ပြည်သူ့ပါတီ၏ ထုတ်ပြန်ချက်ဖော်ပြထား သည်။

ထို့ကြောင့်အစိုးရအနေဖြင့်မဲစာရင်း နှင့်ပတ်သက်သော အငြင်းပွားမှုများကို ဦးစားပေးအရေးယူ ဆောင်ရွက် ပေးသင့်ကြောင်း ကရင်ပြည်သူ့ပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီသည် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မဲဆန္ဒနယ် ၄၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကရင်ပြည်နယ်လွှတ်တော်တွင် တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

Most Read

Most Recent