ဗိုင်းရပ်စ်တွေကတော့ သူတို့က အမြဲတမ်းပြောင်းနေတယ်။ တစ်လအတွင်းမှာ နှစ်ခုသုံးခုလောက် ပြောင်းနေတတ်တယ်။ ပြောင်းတဲ့အခါမှာ နည်းနည်းလေးပဲ တစ်ခု နှစ်ခုပဲ ပြောင်းလဲတာရှိတယ်။ ပြောင်းလဲမှုတွေအများကြီးက အစုလိုက်ဖြစ်ပြီးတဲ့အခါကျတော့ ဗီဇပြောင်းလဲမှုအကြီးကြီး ဖြစ်သွားတာ ရှိတယ်။ တချို့ပြောင်းလဲမှုတွေက ဒီဗိုင်းရပ်စ်ရဲ့မျိုးဗီဇတွေမှာဆိုရင် တချို့ဟာတွေက ပျောက်သွားတာရှိတယ်။ တချို့ဟာတွေကျတော့ နေရာပြောင်းတာတွေရှိတယ်။ ဒါမျိုးပေါ် မူတည်ပြီး သူ့ရဲ့ အန္တရာယ်၊ ပိုပြီးတော့ကူးစက်မှုမြန်တယ်တို့ ပိုပြီးတော့ ဆိုးတယ်တို့ဘာတို့ ဒါမျိုးတွေ ဖြစ်လာတာရှိပါတယ်
ဒေသအလိုက်ဖြစ်နေသော ကိုဗစ်မျိုးကွဲသစ်များကြောင့် မေးခွန်းထုတ်စရာဖြစ်လာသည့် ကာကွယ်ဆေးများ
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသနေရသည့် လူနာများကို တွေ့ရစဉ်