သက္ကရာဇ်တစ်ခုမှာ ကျွန်တော် ရပ်နေစဉ်

သက္ကရာဇ်တစ်ခုမှာ ကျွန်တော် ရပ်နေစဉ်
Published 22 January 2021
သူသူမေ

ငြီးငွေ့လာတဲ့အလျောက် အသစ်အသစ်တွေကိုလည်း ဆာလောင်လာခဲ့တယ်။ လူသားဟာတွေ့ရှိမှုအသစ်ကို ရိုးအီလာတဲ့အခါ နောက်ထပ်တွေ့ရှိမှုတစ်ခုကို ထပ်တိုးရှာဖွေလာသလိုမျိုးနဲ့ မခြားပါဘူး။ ကျွန်တော့်အရသာခံနိုင်စွမ်းအတွက် ဗားရှင်းကို မြှင့်နိုင်သလောက်ထိ ထပ်မြှင့်ချင်လာမိတယ်။ ကျွန်တော် ယာဉ်ပြောင်းစီးချင်လာတယ်။ အဲဒီတော့ ကျွန်တော့်ဆရာကြီးတွေကို နှုတ်ဆက်ကန်တော့၊ ကျန်ရစ်ခဲ့တဲ့ မိတ်ဆွေလူငယ်တွေကိုလည်း လက်ပြနှုတ်ဆက်ပြီး ယာဉ်ပေါ်ကနေ ဆင်းခဲ့လိုက်တယ် ...