မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တတိယအကြိမ်ကွန်ဂရက်ကို ဇန်နဝါရီ (၃၀)ရက်တွင် အွန်လိုင်းမှပြုလုပ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တတိယအကြိမ်ကွန်ဂရက်ကို ဇန်နဝါရီ (၃၀)ရက်တွင် အွန်လိုင်းမှပြုလုပ်မည်
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 22 January 2021

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ တတိယအကြိမ် ကွန်ဂရက်ကို ဇန်နဝါရီ(၃၀)ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

    

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ (၃၀) ရက်တွင် ပြုလုပ်ခဲ့ပြီး တစ်နှစ်အကြာတွင် တတိယအကြိမ် ကွန်ဂရက် ပြုလုပ်ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလဖြစ်သောကြောင့် MFF ကွန်ဂရက်ကို အွန်လိုင်းမှသာ ပြုလုပ်သွားမည်ဖြစ်သည်။ 

ကွန်ဂရက်ကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်းတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် (၂၄၃)ခုမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးမည်ဖြစ်သည်။ 

ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၊ အာရှဘောလုံးအဖွဲ့ချုပ်(AFC) နှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနိုင်ရန်အတွက်လည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ MFF ကွန်ဂရက်ကို ၂၀၂၀ ပြည့်နှစ်တွင် (၂)ကြိမ် ပြု လုပ်ခဲ့သည်။

    

ယင်းကွန်ဂရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တစ်နှစ်တာအတွင်း လုပ်ဆောင်ချက်များ၊ ငွေကြေးသုံးစွဲမှု ရှင်းတမ်းများ၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအပါအဝင် ဘောလုံးတိုးတက်ရေးလုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ် သည်။ 

၂၀၂၁ ကွန်ဂရက်တွင်ဆွေးနွေးမည့် အကြောင်းအရာများကို Online Voting System ဖြင့် ဆန္ဒမဲ ပေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

MFF သမိုင်းတွင် ရွေးကောက်ပွဲ(၂)ကြိမ်သာ ပြုလုပ်ထားပြီး ယင်း(၂) ကြိမ်စလုံး ဥက္ကဋ္ဌနေရာအတွက် ဝင်ရောက် ရွေးချယ်ခံမည့်သူမရှိသောကြောင့် ဦးဇော်ဇော်က (၂)ကြိမ်စလုံး ဝင်ရောက်ရွေးချယ်ခံခဲ့သည်။ 

ဦဇော်ဇော်သည်  ဥက္ကဋ္ဌတာဝန်ကို၂ဝဝ၅ ခုနှစ်မှစ၍ထမ်းဆောင်ခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲ(၂)ကြိမ်စလုံးတွင် ဝင်ရောက် ရွေးချယ်ခံမည့်သူမရှိသောကြောင့် လက်ရှိအချိန်အထိ ဥက္ကဋ္ဌရာထူးကို ဆက်လက်တာဝန်ယူထားရခြင်းဖြစ်သည်။ 

Most Read

Most Recent