COVID-19 ကပ်ရောဂါသက်ရောက်မှုများတုံ့ပြန်ရေး လာမည့်ငါးနှစ်အတွင်း အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့သို့တင်ပြမည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ထုတ်ပြန်

COVID-19 ကပ်ရောဂါသက်ရောက်မှုများတုံ့ပြန်ရေး လာမည့်ငါးနှစ်အတွင်း အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့သို့တင်ပြမည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ထုတ်ပြန်
ကိုဗစ်အလွန်ကာလတွင် ခရီးသွားများလာရောက်လည်ပတ်နိုင်ရန် ပြင်ဆင်ထားသည်ကို တွေ့ရစဉ်
ကိုဗစ်အလွန်ကာလတွင် ခရီးသွားများလာရောက်လည်ပတ်နိုင်ရန် ပြင်ဆင်ထားသည်ကို တွေ့ရစဉ်
Published 20 January 2021

COVID-19 ကပ်ရောဂါ သက်ရောက်မှုများကိုတုံ့ပြန်ရေး လာမည့်ငါးနှစ်တာအတွင်း အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့သို့ တင်ပြမည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ မဟာဗျူဟာလမ်းပြမြေပုံကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် UNWTO နှင့် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ပူးပေါင်း၍ ပြီးမြောက်အောင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများကို တုံ့ပြန်ဖြေရှင်းရန် ရေးဆွဲထားသော လမ်းပြမြေပုံသည် ယခင်ပြုစုခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၁၃-၂၀၂၀) ကိုအခြေခံ၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် UNWTO ၏ “ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ချက်များ” နှင့် အညီရေးဆွဲထားခြင်းဖြစ်သည်။ လမ်းပြမြေပုံတွင်ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းအသစ်၏ မဏ္ဍိုင်ခြောက်ခုကိုအခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး နောင်လာမည့် ငါးနှစ်ကာလအတွင်း အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြမည့် အနှစ်ချုပ်စာတမ်းတစ်စောင်ဖြစ်ပြီး  ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကို အကောင်အထည်ဖော်ရန် ရေးဆွဲထားသော လုပ်ငန်းစီမံချက်ဖြစ်ကြောင်း သိရသည်။

ယခုလမ်းပြမြေပုံ၏ လုပ်ငန်းစဉ်များကို အခြေခံ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ခရီးသွားလုပ်ငန်းကော်မတီများက မိမိတို့၏ ဒေသအလိုက် စီမံကိန်းများကို ၂၀၂၁ခုနှစ် မြန်မာနှစ်သစ်မတိုင်မီ ရေးဆွဲရန် ရည်ရွယ်ကြောင်း သိရသည်။ ၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာလနောက်ပိုင်းတွင် ပြည်နယ်နှင့်  တိုင်းဒေသကြီးအသီးသီး၌ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ပတ်သက်ဆက်နွယ်သူများအားလုံးပါဝင်သည့် ဆွေးနွေးပွဲများကို တစ်လလျှင် နှစ်ကြိမ်ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင် းသိရသည်။

အဆိုပါ မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြ မြေပုံတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ၏ အကြံပြုချက်များနှင့်မဏ္ဍိုင်များလည်း ပါဝင်ရေးဆွဲထားကြောင်း သိရသည်။

Most Read

Most Recent