ရခိုင်ပြည်နယ်ရှိ ရှစ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ၂၈ မြို့နယ်တို့တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသော မဲစာရင်းများတွေ့ရှိကြောင်း တပ်မတော်က မဲစာရင်းစိစစ်တွေ့ရှိချက်များနှင့် ပတ်သက်၍ ၂၃ ကြိမ်မြောက် ထုတ်ပြန်

ရခိုင်ပြည်နယ်ရှိ ရှစ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ၂၈ မြို့နယ်တို့တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသော မဲစာရင်းများတွေ့ရှိကြောင်း တပ်မတော်က မဲစာရင်းစိစစ်တွေ့ရှိချက်များနှင့် ပတ်သက်၍ ၂၃ ကြိမ်မြောက် ထုတ်ပြန်
Published 19 January 2021
ကြည်နိုင်

ရခိုင်ပြည်နယ်ရှိ ရှစ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ၂၈ မြို့နယ်တို့တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသော မဲစာရင်းများ တွေ့ရှိကြောင်း တပ်မတော်က မဲစာရင်းစိစစ်တွေ့ရှိချက်များနှင့် ပတ်သက်၍ ၂၃ ကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းစိစစ်မှုအား မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန်စစ်ဆေးမှု (Cross Check) ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးမှ ရှစ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှ မြို့နယ်များ၏ စိစစ်တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး အပြန်အလှန် စစ်ဆေးမှု၏ စိစစ်တွေ့ရှိချက်များမှာ သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသော မဲစာရင်းများ ဖြစ်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။

ယခု ၂၃ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မှ ရှစ်မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (UEC မဲရလဒ် ထုတ်ပြန်ချက်) ၄၇၇၉၅၇ ၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း (ပုံစံ-၁) ၄၆၅၆၄၀ ဖြစ်ပြီး မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၄၂၈၇ ဖြစ်ကြောင်း ဖော်ပြထားသည်။

မန္တလေးတိုင်းတိုင်းဒေသကြီးမှ ၂၈ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (UEC မဲရလဒ် ထုတ်ပြန်ချက်) ၄၉၄၁၄၇၁ ၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း (ပုံစံ-၁) ၄၇၁၀၈၉၄ ဖြစ်ပြီး မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၆၃၈၀၄ ဖြစ်ကြောင်း ဖော်ပြထားသည်။

မဲစာရင်းပုံစံ-၁ တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန် ပါဝင်နေသည့် ရခိုင်ပြည်နယ်မှ ရှစ်မြို့နယ်မှာ အမ်း၊ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ စစ်တွေတို့ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းတိုင်းဒေသကြီးမှ ၂၈ မြို့နယ်မှာ အမရပူရ၊ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြေ့သာစည်၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ မဟာအောင်မြေ၊ မလှိုင်၊ မတ္တရာ၊ မိုးကုတ်၊ မြင်းခြံ၊ မြစ်သား၊ မိတ္ထီလာ၊ ညောင်ဦး၊ ငါန်းဇွန်၊ နွားထိုးကြီး၊ ပုသိမ်ကြီး၊ ပျော်ဘွယ်၊ ပြည်ကြီးတံတခွန်၊ ပြင်ဦးလွင်၊ စဉ့်ကိုင်၊ စဉ့်ကူး၊ တံတားဦး၊ သပိတ်ကျင်း၊ တောင်သာ၊ သာစည်၊ ဝမ်းတွင်း၊ ရမည်းသင်း တို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြို့နယ် တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှု (Cross Check) စိစစ်တွေ့ရှိချက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ထုတ်ပြန်ချက်များကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် စာရင်းကိန်းဂဏန်းများဖြင့် ဖော်ပြထားသည်။

Most Read

Most Recent