ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ၁၀ လနီးပါးအတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၄၅၀၂၀၀၀ ကျော်အား နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ၁၀ လနီးပါးအတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၄၅၀၂၀၀၀ ကျော်အား နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား
 ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာအရောင်းအဝယ်ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
 ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာအရောင်းအဝယ်ဆွေးနွေးပွဲတစ်ခုကို တွေ့ရစဉ်
Published 18 January 2021
စည်သူအောင်



ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများဝယ်ယူခွင့်ပြုပြီး ၁၀ လနီးပါး အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၄၅၀၂၀၀၀ ကျော်အား နိုင်ငံခြား သားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှစတင် ၍ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အ စည်းများကို ရန်ကုန်စတော့အိတ်ချိန်းစာ ရင်းကုမ္ပဏီများ၏ အစုရှယ်ယာများဝယ်ယူ ခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက် စာရင်းများအရ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီခြောက်ခုအနက် ကုမ္ပဏီ လေးခု၏ အစုရှယ်ယာ ၄၅၀၂၀၉၄ ခုကို ဝယ်ယူထားသည်။ ကုမ္ပဏီအလိုက်ဝယ်ယူထားသော အစုရှယ်ယာပမာဏများမှာ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (FMI) တွင် ၄၄၅၈၁၃၆ ခု၊ မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးလ်ဒင်းပတ်ပလစ်လီမိ တက် (MTSH) တွင် ၃၁၉၇၃ ခု၊ Ever Flow River Group Public Co,Ltd တွင် ၆၅၄၀ ခု၊ TMH Telecom Public Co,Ltd တွင် ၅၄၄၅ ခုဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာ ရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ သတ်မှတ်ထားသည့် ဘဏ်စာရင်းများဖွင့် လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ကြေညာချက်အမှတ် (၄/၂၀၂၀) ဖြင့် အသိပေးကြေညာသည်။

မြန်မာနိုင်ငံငွေချေးသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) တို့ကို ထုတ်ပြန်၍ ရန်ကုန်စတော့အိတ်ချိန်းစာ ရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့ စဉ်အရောင်းအဝယ်ပြုလုပ်ရာ၍ နိုင်ငံခြား သားများ ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အပိုဒ် ၃ (ဂ) အရ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံ ခြားသားများ (တစ်ဦးချင်းနှင့် အဖွဲ့အစည်း များအပါအဝင်) အနေဖြင့် ပထမဦးစွာ ငွေ ချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုသို့ သွားရောက်၍ ထောက်ခံစာရယူရန်လိုအပ် သည်။ ယင်းနောက် ပြည်တွင်း၌ နေထိုင်သူ ဖြစ်ပါက Resident Kyat Account for Securities (R-KAS)  နှင့် ပြည်ပတွင် နေထိုင်သူဖြစ်ပါက Non resident Kyat Account for Securities (N-KAS)   နှင့် Non resident Foreign Currency Account for Securites (N-FAS) ဘဏ် စာရင်းများဖွင့်လှစ်ပြီးမှသာ Securites Company များတွင် Securities Account များ ဖွင့်လှစ်ရန်ဖြစ်သည်။

သို့ဖြစ်ပါ၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ် ယာများကို ရင်းနှီးမြှုပ်နှံလိုသည့်နိုင်ငံခြားသားများအနေဖြင့် ကော်မရှင်မှသတ်မှတ်  ထားသည့် ဘဏ်စာရင်းများအသီးသီးဖွင့် လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေ ချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်   ရေးကော်မရှင်က မေတ္တာရပ်ခံအသိပေးကြေညာထားသည်။

ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ် အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသား ပါဝင်ဆောင်ရွက်ရာတွင် ဘဏ်များလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို နိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၃/ ၂၀၂၀ ညွှန်ကြားခဲ့ကြောင်း သိရသည်။

ငွေကြေးသက်သေခံလက်မှတ်လုပ် ငန်းကြီးကြပ်ရေးကော်မရှင်၏ အမိန့်ကြော် ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြား ချက်အမှတ် ၁/၂၀၂၀ များအရ ပြည်တွင်း၌ နေထိုင်သူနိုင်ငံခြားသားနှင့် ပြည်ပတွင် နေထိုင်သူ နိုင်ငံခြားသားများကို ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများအား ရောင်းဝယ်ခွင့်ပြု မည်ဖြစ်သည်။

ညွှန်ကြားချက်အမှတ် ၁/၂၀၂၀၊ အပိုဒ် ၁၉ အရ နိုင်ငံခြားသားများအနေဖြင့် အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ရာတွင် ယင်းတို့၏ရင်းနှီးမြှုပ်နှံငွေများ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရငွေများ နိုင်ငံခြားသို့ ပြန်လည်ပေးပို့ခြင်းများဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့်စည်းမျဉ်းစည်း ကမ်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက် နာ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ကြီးကြပ်မှုကို ခံယူရန်ဖြစ်ကြောင်း ညွှန်ကြားထား သည်။

 

Most Read

Most Recent