လက်ရှိအစိုးရလက်ထက် ငါးနှှစ်အတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရောင်းချမှုမှ ဝင်ငွေ ဒေါ်လာ ၂၄၉၆ သန်းကျော်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၇၁ သန်းကျော်ဖြင့် အများဆုံးတင်ပို့

လက်ရှိအစိုးရလက်ထက် ငါးနှှစ်အတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရောင်းချမှုမှ ဝင်ငွေ ဒေါ်လာ ၂၄၉၆ သန်းကျော်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၇၁ သန်းကျော်ဖြင့် အများဆုံးတင်ပို့
မန္တလေးမြို့တွင်ကျင်းပသည့် ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- လဲ့လဲ့အောင်)
မန္တလေးမြို့တွင်ကျင်းပသည့် ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- လဲ့လဲ့အောင်)
Published 17 January 2021
နီလာ

လက်ရှိအစိုးရလက်ထက် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရောင်းချမှုမှ ဝင်ငွေ ဒေါ်လာ ၂၄၉၆ သန်းကျော် ရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ဝင်ငွေဒေါ်လာ ၉၇၁ သန်းကျော်ဖြင့် အများဆုံး တင်ပို့ရောင်းချခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ လက်ရှိဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံ၏ ပြည်ပသို့ ကျောက်စိမ်း တင်ပို့ရောင်းချမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ဒေါ်လာ ၄၀၀ ဒသမ ၃၉ သန်း ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ဝင်ငွေဒေါ်လာ ၃၄၇ ဒသမ ၀၆ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ပြည်ပသို့ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၉၇၁ ဒသမ ၇၈ သန်းဖြင့် အများဆုံးတင်ပို့နိုင်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ပြည်ပသို့ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၃၅၆ ဒသမ ၈၇ သန်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၄၂၀ ဒသမ ၀၃ သန်း ရရှိထားကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၂၀၀၀ နီးပါးတင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၄၂၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၄၁၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၆၃ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနှစ်မှာ ကျောက်စိမ်းတန်ချိန် ၁၉၆၄ ဒသမ ၄၈၈ တန် တင်ပို့ထားပါတယ်။ အဲဒါကနေ တန်ဖိုး ဒေါ်လာ ၄၂၀ ဒသမ ၀၃၆ သန်း ရရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူက တန်ချိန် ၁၅၄၈ ဒသမ ၄၅၂ တန် တင်ပို့မှုကနေ ဒေါ်လာ ၃၅၆ ဒသမ ၈၇၆ သန်း ရရှိခဲ့ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုများသည့် ကာလများတွင် ပြည်ပသို့ ကျောက်စိမ်းပိုမိုတင်ပို့နိုင်ပြီး ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုနည်းသည့် ကာလများ၌ ကျောက်စိမ်းတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်လုပ်ကွက် အပါအဝင် ဓာတ်သတ္တုထုတ်လုပ်ရန် ၁၁၉၆ ကွက်အထိ ခွင့်ပြုမိန့်ထုတ်ပေးထားပြီး အသေးစားလုပ်ကွက် ၇၄၀ ကျော်အထိ ပါဝင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင်လကုန်အထိ ဓာတ်သတ္တုတူးဖော်ရန် လုပ်ကွက် ၁၁၉၆ ကွက် ခွင့်ပြုမိန့် ထုတ်ပေးထားမှုတွင် အကြီးစားလုပ်ကွက် ၁၄၄ ကွက်၊ အလတ်စားလုပ်ကွက် ၁၂၇ ကွက်၊ အသေးစားလုပ်ကွက် ၇၄၇ ကွက်၊ စမ်းသပ်လုပ်ကွက် ၁၂၅ ကွက်၊ စမ်းသပ်ဖြစ်မြောက်လုပ်ကွက် ၅၃ ကွက် ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent