ခေါင်းဆောင်တစ်ဦးရဲ့ နည်းပြစိတ်ကူး

ခေါင်းဆောင်တစ်ဦးရဲ့ နည်းပြစိတ်ကူး
Photos: Getty Images
Photos: Getty Images
Published 17 January 2021
AK

အသက် (၁၇)နှစ်အရွယ်မှာ ဥရောပဘောလုံးလောကဆီ ရောက်လာသူ ယာယာတိုရေးအတွက် ဥရောပကစားသမားတွေရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးကြံ့ခိုင်မှုနဲ့ ဘောလုံးဦးနှောက်ဟာ စိုးထိတ်စေခဲ့တယ်။ အဲဒီအချိန်တုန်းက ယာယာတိုရေးက ပိန်ပိန်ပါးပါးလေး၊ သူ အကောင်းဆုံးကစားနိုင်တဲ့ နေရာဟာ ဘယ်နေရာလဲဆိုတာ လည်း သေချာမသိသေးဘူး။ ပရီးမီးယားလိဂ်ကို ရောက်လာချိန်မှာလည်း ရုပ်ပိုင်း ဆိုင်ရာဦးစားပေးပြီး အရှိန်အဟုန်ပြင်းတဲ့ပြိုင်ဆိုင်မှုတွေဟာ ယာယာတိုရေးကို စိုးထိတ်စေခဲ့ဖူးတယ်။ အသက် (၁၇)နှစ်သားတုန်းကလိုပဲ အကောင်းဆုံးကစား နိုင်မယ့်နေရာအတွက် ယာယာတိုရေး တွေးပူနေဆဲပဲ။ ဘာစီလိုနာမှာ အောင်မြင်ခဲ့ တယ်ဆိုပေမဲ့ ခံစစ်ဆင်းကစားရတဲ့အထိ အတည်တကျမရှိခဲ့ဘူးမဟုတ်လား။ ဒါပေမဲ့ ပယ်လီဂရီနီရဲ့ ယုံကြည်မှုနဲ့အတူ ယာယာတိုရေးဟာ မန်စီးတီးတစ်ခေတ် မှာ မေ့မရတဲ့ခေါင်းဆောင်တစ်ဦး၊ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့တယ်။ မန်စီးတီးမှာ သူ့ရဲ့အကောင်းဆုံးနေရာကိုလည်း ယာယာတိုရေး ရှာဖွေနိုင်ခဲ့တယ်။ Box to Box ကစားတာနဲ့ No.10 Role ကစားတာဟာ သူ့အတွက် အသင့်တော်ဆုံးလို့ ယာယာတိုရေး သိလာခဲ့တယ်။ ကွန်ပနီ မပါဝင်နိုင်ချိန်မှာ ယာယာတိုရေးဟာ မန် စီးတီးရဲ့အသင်းခေါင်းဆောင်ဖြစ်လာတယ်။ မန်စီနီနဲ့ ပယ်လီဂရီနီဟာ ယာယာ တိုရေးကို ကိုယ့်ကိုယ်ကိုပိုပြီးသိမြင်အောင် လမ်းပြပေးခဲ့သလို၊ ခေါင်းဆောင် တစ်ဦးဖြစ်လာအောင်လည်း ယုံကြည်စွာ တွန်းအားပေးခဲ့သူတွေပါပဲ။ ကြီးမြတ် တဲ့နည်းပြတစ်ဦးဆိုတာ ကိုယ့်အသင်းသားတွေရဲ့ ပါရမီကို အမြင့်ဆုံးအမှတ်အထိ ဆွဲတင်နိုင်ရပါမယ်။ ဆာလာ၊ မာနေ၊ ဟန်ဒါဆန်တို့ အပါအဝင် လီဗာပူးလ်ကစား သမားများစွာရဲ့ အကောင်းဆုံးအရည်အသွေးကို ထုတ်ယူသုံးစွဲနိုင်တဲ့ ယာဂန် ကလော့ပ်လို နည်းပြမျိုးပေါ့။

 

Most Read

Most Recent