၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ ရွှေ ၂၀၂၈ ဒသမ ၂၆ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ၇၅၈ ဒသမ ၀၅၀ ထရိုင်အောင်စဖြင့် အများဆုံးထုတ်လုပ်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ ရွှေ ၂၀၂၈ ဒသမ ၂၆ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ၇၅၈ ဒသမ ၀၅၀ ထရိုင်အောင်စဖြင့် အများဆုံးထုတ်လုပ်
ဟုမ္မလင်းမြို့နယ် အတွင်းရှိ ရွှေလုပ်ကွက် တစ်ခုကို တွေ့ရစဉ်
ဟုမ္မလင်းမြို့နယ် အတွင်းရှိ ရွှေလုပ်ကွက် တစ်ခုကို တွေ့ရစဉ်
Published 14 January 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ ရွှေ ၂၀၂၈ ဒသမ ၂၆ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ၇၅၈ ဒသမ ၀၅၀ ထရိုင်အောင်စဖြင့် အများဆုံး ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရွှေသတ္တု ဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၇၈၃၄ ဒသမ ၁၆ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ၅၇၃၄ ဒသမ ၂၆ ထရိုင်အောင်စအထိ အများဆုံး ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသ မ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၂၇ ဒသမ ၈၇၀ ထ ရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်တွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စနှင့် ဇူလိုင်၌ ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စ၊ သြဂုတ်၌ ၅၆၀ ဒသမ ၀၁၀ ထရိုင်အောင်စနှင့် စက်တင်ဘာတွင် ၄၄၁ ဒသမ ၅၂၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၁၂၃ ဒသမ ၁၈၀ ထရိုင်အောင်စနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ၄၂ ဒသမ ၇၄၀ ထရိုင်အောင်စ၊ မတ်တွင် ၃၆၉ ဒသမ ၈၅၀ ထရိုင်အောင်စ၊ မေတွင် ၁၀၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဇွန် တွင် ၂၁၄ ဒသမ ၀၂၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၃၈၁ ဒသမ ၆၇၀ ထရိုင်အောင်စ၊ သြဂုတ်တွင် ၁၂ ဒသမ ၆၈၀ ထရိုင်အောင်စ၊ စက်တင်ဘာတွင် ၂၅၁ ဒသမ ၆၅၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

လအလိုက် ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၆၇၁ ဒသမ ၉၃၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၁၅၀ ဒသမ၈ ၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ  ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၇၁၁ ဒသမ ၅၉ဝထရိုင်အောင်စ၊ ဇွန်တွင် ၇၂၈ ဒသမ ၈၀၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆ဝထရိုင်အောင်စ၊ သြဂုတ် တွင် ၆၈၀ ဒသမ ၅၈၀ ထရိုင်အောင်စ၊ စက် တင်ဘာ၌ ၇၉၈ ဒသမ ၂၄၀ ထရိုင်အောင်စ ဖြင့် စုစုပေါင်း ၇၈၃၄ ဒသမ ၁၆ ထရိုင် အောင်စ ထုတ်လုပ်ထားသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက် အပါအဝင် စမ်းသပ်ဖြစ်မြောက် လုပ်ကွက်ပေါင်း ၁၂၀၀ နီးပါး ခွင့်ပြုမိန့် ထုတ်ပေးထားပြီး မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံး ခွင့်ပြုထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက်၊ စမ်းသပ်ဖြစ်မြောက်လုပ်ကွက် အပါအဝင် လုပ်ကွက်စုစုပေါင်း ၁၁၉၆ ကွက် ခွင့်ပြုမိန့် ထုတ်ပေးထားပြီး မန္တလေးတိုင်းဒေသတွင်း ၃၁၇ ကွက်ဖြင့် အများဆုံး ခွင့်ပြုထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၁၈ ကွက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ ၁၄၁ ကွက်၊ ကယားပြည်နယ်၌ ၁၈ ကွက်၊ ကရင်ပြည်နယ် တွင် ၄၆ ကွက်၊ ချင်းပြည်နယ်တွင် လေးကွက်၊ တနင်္သာရီတိုင်းဒေသကြီး ၈၆ ကွက်၊ နေပြည် တော်၌ သုံးကွက်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီးတွင် အ ကွက် ၅၀၊ မွန်ပြည်နယ်တွင် ၁၉ ကွက်၊ ရခိုင် ပြည်နယ်၌ တစ်ကွက်၊ ရှမ်းပြည်နယ် (မြောက် ပိုင်း) တွင် ၉၃ ကွက်၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ၌ ၈၀ ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီး တွင် သုံးကွက်ဖြင့် စုစုပေါင်း အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက်၊ စမ်းသပ်ဖြစ်မြောက်လုပ်ကွက် အပါအဝင် လုပ်ကွက်စုစုပေါင်း ၁၁၉၅ ကွက် ခွင့်ပြုခဲ့သည်။

Most Read

Most Recent