FA ဖလား စတုတ္ထအဆင့်နှင့် ပဥ္စမအဆင့်အတွက် မဲခွဲပွဲကို တနင်္လာနေ့ကကျင်းပခဲ့ရာ စတုတ္ထအဆင့်တွင် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူနှင့် လီဗာပူးလ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ ကြောင်း သိရသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် ပွဲစဉ်နှစ်ခုအတွက် မဲခွဲပွဲကို တစ်ပေါင်းတည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်အသင်းအများစု အောက်တန်းအသင်းများနှင့်သာ ဆုံတွေ့ခဲ့သော်လည်း ထိပ်သီးနှစ်သင်းဖြစ်သည့် မန်ယူနှင့် လီဗာပူးလ်တို့ ထိပ်တိုက်တွေ့ခဲ့ခြင်း ဖြစ်သည်။

အခြားသော ပရီးမီးယားလိဂ်အသင်း အချင်းချင်းဆုံတွေ့မှုမှာ ဖူလ်ဟမ် - ဘန်လေ ပွဲစဉ်သာရှိသည်။

လက်ရှိချန်ပီယံ အာဆင်နယ်အသင်းမှာမူ ဆောက်သမ်တန်နှင့် ရှရူးဘူရီပွဲမှ အနိုင်ရသည့်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။















