သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ပုံဖော်ထားသည့် ‘ကြာတော့သည်လည်း မောင့်စကား’ ရုပ်ရှင်ဇာတ်ကား ဇန်နဝါရီ ၃၁ ရက် ပြသမည်

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ပုံဖော်ထားသည့် ‘ကြာတော့သည်လည်း မောင့်စကား’ ရုပ်ရှင်ဇာတ်ကား ဇန်နဝါရီ ၃၁ ရက် ပြသမည်
Published 11 January 2021

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း တစ်ပုဒ်အဖြစ်ပုံဖော်ထားသည့်’ကြာ တော့သည်လည်း မောင့်စကား’ ရုပ် ရှင်ဇာတ်ကားကို Canal+Zat Lan Channal  တွင် ဇန်နဝါရီ ၃၁ ရက်၌ပြသရန်စီစဉ် ထားသည်ဟုသိ ရသည်။ စာရေးဆရာမဂျူး၏ထင် ရှားသောလုံးချင်းဝတ္ထုကို အကယ် ဒမီဒါရိုက်တာမီး ပွားကပြန်လည်ပုံ ဖော်ထားကာ ရုံတင်ပြသစဉ်က လည်း ပရိသတ်အားပေးမှုများပြားခဲ့သည့်ဇာတ်ကားတစ် ကားဖြစ်သည်။

ယင်းဇာတ်ကားတွင် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီဖွေးဖွေးနှင့်သရုပ် ဆောင်များစွာပါဝင်ထားသည်။ Canal+Zat Lan Channal  တွင် လစဉ်တိုင်း၌ ရုံတင်ပြသပြီးမြန်မာ ဇာတ်ကားများပြန်လည်ရွေးချယ်ပြ သလျက်ရှိရာတွင် ယခုဇာတ်ကား လည်းအပါအဝင် ဖြစ်သည်။

‘ကြာတော့သည်လည်းမောင့် စကား’ ရုပ်ရှင်ဇာတ်ကားတွင်ငယ် စဉ်ကလေးဘဝတည်းကခင်မင် တွယ်တာခဲ့ရသည့်သူငယ်ချင်းနှစ် ဦးကြားသို့ အထက်တန်းကျောင်းသားဘဝတွင် စာတော်ကာထက် မြက်သည့်ကျောင်းသားသစ်တစ်ဦး ရောက်ရှိလာပြီးနောက် ခင်မင်သွားခဲ့ကြရာ အဆိုပါကျောင်းသားသစ် မှာမြို့သို့ပြောင်းရွှေ့သွားချိန်တွင် ကွဲကွာသွားခဲ့ကြပြီး ကျန်ရစ်ခဲ့သည့် သူငယ်ချင်းနှစ်ဦးမှာ အခင်မင်မ ပျက် ဆက်ရှိနေကြသော်လည်း မိန်းကလေးမှာဆရာဝန်တစ်ဦးဖြစ်လာပြီးနောက် အထက်တန်းကျောင်း သားဘဝတွင်ဆုံစည်းခွင့်ရခဲ့သူ နှင့် ချစ်သူများအဖြစ်ရောက်ရှိသွားကြပုံ၊ ငယ်စဉ်ကပင် သံယောဇဉ်ကြီး လွန်းလှသူငယ်သူငယ်ချင်းလေးမှာ ၁၀ တန်းကျပြီးစီးပွားရေးနယ်ပယ် တွင်သာလှုပ်ရှားရပ်တည်နေကာ မိန်းကလေးဖြစ်သူအပေါ်တိတ်တ ခိုးမြတ်နိုးနေသော်လည်း ဖွင့်ဟမပြောဘဲ မိမိချစ်ရလွန်းသူမိန်းကလေး မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားကာ တစ်ပါးသူအပေါ်လွှမ်းမိုးတတ်သည့် ခဏတာဆုံစည်းခဲ့ဖူးသူ ကောင်လေးနှင့်ချစ်သူဖြစ်နေကြောင်း သိရချိန်တွင် စိုးရိမ်စိတ်လွန်ကဲရပုံနှင့် မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးနှစ်ဦးကြားမှ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဖြစ်သည်။ စာရေးဆရာမဂျူး၏ဝတ္ထုအား ဒုတိ ယအကြိမ် ဖန်တီးထားသည့်ဇာတ်ကား တစ်ကား ဖြစ်သည်။

Most Read

Most Recent