MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ၂၀၂၁ ရာသီမစမီ နည်းပြပြောင်းလဲခဲ့ပြီး ဦးဟန်ဝင်းအောင်ကို နည်းပြချုပ် ခန့်အပ်

MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ၂၀၂၁ ရာသီမစမီ နည်းပြပြောင်းလဲခဲ့ပြီး ဦးဟန်ဝင်းအောင်ကို နည်းပြချုပ် ခန့်အပ်
Photo: Shan United FC Facebook
Photo: Shan United FC Facebook
Published 8 January 2021

MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၁ ရာသီသစ်မစမီမှာပင် နည်းပြချုပ်နေရာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး လူငယ်နည်းပြဆရာ ဦးဟန်ဝင်းအောင်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

    

ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးချန်ပီယံဆုအား (၂)နှစ်ဆက်တိုက်ရယူပေးခဲ့သည့် ဦးအောင်နိုင်ကိုမူ နည်းစနစ်ဒါရိုက် တာအဖြစ် ပြောင်းလဲတာဝန်ပေးမည်ဖြစ်ပြီး  ဦးဟန်ဝင်းအောင်ကို နည်းပြချုပ်အဖြစ် ခန့် အပ်ကြောင်း ဇန်နဝါရီ (၈)ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ယခင်ကလည်း ပြည်တွင်းလူငယ်နည်းပြဆရာများကို နေရာပေးသည့် အသင်းဖြစ်ပြီး ယခင်က ဦးစိုးမြတ်မင်းနှင့် ဦးမင်းသူတို့ကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ဖူးကြောင်း သိရသည်။ 

ဦးဟန်ဝင်းအောင်သည် ပရော် ဖက်ရှင်နယ်ကစားသမားဘဝကို ရှမ်းယူနိုက်တက်အသင်း (ယခင် KBZ FC) တွင် ဖြတ်သန်းခဲ့ပြီး ကစားသမားဘဝမှ အနားယူပြီး နောက်ပိုင်းတွင်လည်း အုပ်ချုပ်သူ/လက် ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ 



"ကျွန်တော်တို့အသင်းရဲ့ မူဝါဒအတိုင်း လူငယ်နည်းပြဆရာတွေကို နေရာပေးတာ ဖြစ်ပါတယ်။ ဦးဟန်ဝင်းအောင်က အသင်းမှာ တာဝန်ယူဆောင်ရွက်လာတာကြာပြီဖြစ်တာကြောင့် အသင်းအကြောင်းလည်း သိထားတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် နည်းပြချုပ်အဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဦးအောင်နိုင်ကို နည်းစနစ်ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ပေမဲ့ သူက အသင်းရဲ့ အရေးပါတဲ့ကဏ္ဍမှာ ဆက်ရှိနေမှာပါ။ လူငယ်နည်းပြဆရာတွေကို သင်ကြားပေးပြီး အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို နည်းပြချုပ်နဲ့ ညှိနှိုင်းပြီး ချမှတ်သွားမှာပါ"ဟု ရှမ်း ယူနိုက်တက်အသင်း ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမျိုးထွန်းက ပြောကြားသည်။