၁၉ နှစ်တာအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့သည့် တရုတ်သမ္မတရှီကျင်ပင်း၏ ခရီးစဉ်နှင့် စီမံကိန်း ၃၃ ခု

၁၉ နှစ်တာအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့သည့် တရုတ်သမ္မတရှီကျင်ပင်း၏ ခရီးစဉ်နှင့် စီမံကိန်း ၃၃ ခု
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်နှစ်ခုကို အပြန်အလှန်လဲလှယ်နေသော စီးပွား/ကူးသန်း ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တရုတ်နိုင်ငံ CITIC Consortium Port Investment Limited ဥက္ကဋ္ဌ မစ္စတာချန်ကျန့်မင်တို့ကို တွေ့ရစဉ်

Published 28 December 2020
ကျော်ဇင်ဝင်း

၁၉ နှစ်တာအတွင်း ယခုကဲ့သို့ တရုတ်သမ္မတတစ်ဦးကိုယ်တိုင် လာရောက်၍ နှစ်နိုင်ငံသဘောတူချက်များ ဆောင်ရွက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသဖြင့် လက်လွှတ်၍မရသောအရေးပါသည့် နိုင်ငံဖြစ်နေကြောင်း ပြသခြင်းဟု အကဲဖြတ်များက သုံးသပ်ခဲ့ကြသည်။ ထိုသို့ နှစ်နိုင်ငံလက်မှတ်ရေးထိုးကာ စီမံကိန်းများ သဘောတူနိုင်ခဲ့မှုအပေါ် အပြုသဘောဆောင် ကြိုဆိုမှုများရှိသော်လည်း လက်ရှိမြန်မာနိုင်ငံအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများ၏ အားနည်းချက်များကိုထောက်ပြ၍ စီမံကိန်းသစ်များမှ ဖြစ်ပေါ်လာနိုင်သည့် အားနည်းချက်များကိုလည်း ထောက်ပြဝေဖန်မှုများ ရှိသည်။ တရုတ်သမ္မတရှီကျင်ပင်း၏ ခရီးစဉ်အပြီး နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သော စီမံကိန်းများကို အကောင်အထည်ဖော်ရမည့်အချိန်တွင် တိုက်ဆိုင်စွာဖြင့် COVID-19 ကပ်ရောဂါဖြစ်ပွားလာမှုကြောင့် စီမံကိန်းများ အကောင်အထည်ဖော်နိုင်မှုနှောင့်နှေးသည့် သဘောရှိပြီး စီမံကိန်းများ မည်သို့အကောင်အထည်ဖော်လာမည်ဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent