အငြင်းပွားဖွယ်ရာများနှင့် ၂၀၂၀ ရွေးကောက်ပွဲ

အငြင်းပွားဖွယ်ရာများနှင့် ၂၀၂၀ ရွေးကောက်ပွဲ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
Published 28 December 2020
ဆန်းမိုးထွန်း 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကဲ့သို့ပင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ 

NLD ပါတီအနေဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် တပ်မတော်က ဝေဖန်ထောက်ပြမှုများရှိသည့်အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များလည်း ဖြစ်ပေါ်လာသည့်အတွက် ၂၀၂၀ ပြည့်နှစ်၏ ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ် Weekly Eleven ဂျာနယ်က ဖော်ပြလိုက်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၁၅ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၁ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၁၂ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း ၁၁၁၇ နယ်တွင် ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် NLD ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၃၈ ဦး၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်တွင် ၅၀၁ ဦးနှင့် တိုင်းရင်းသားလူမျိုးနေရာတွင် ၂၃ ဦး အနိုင်ရရှိခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သော်လည်း ပွဲပြီး မီးမသေခဲ့ပေ။ ရွေးကောက်ပွဲ စ၊ လယ်၊ ဆုံး လုပ်ငန်းစဉ်များတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်မှုများ ရှိခဲ့သည်။ 

 

Most Read

Most Recent