ကိုဗစ်ကာလအတွင်း Wave Money က အစိုးရ ၊ NGO တို့နှင့် ပူးပေါင်းပြီး ထောက်ပံ့ငွေများအား အကျိုးခံစားခွင့်ရှိသူများထံ ဝန်ဆောင်ခ မယူဘဲ အခမဲ့လွှဲပြောင်းပေး

ကိုဗစ်ကာလအတွင်း Wave Money က အစိုးရ ၊ NGO တို့နှင့် ပူးပေါင်းပြီး ထောက်ပံ့ငွေများအား အကျိုးခံစားခွင့်ရှိသူများထံ ဝန်ဆောင်ခ မယူဘဲ အခမဲ့လွှဲပြောင်းပေး
Published 24 December 2020

ကိုဗစ်-၁၉ စတင် ဖြစ်ပွားကတည်းက နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနအသီးသီးရဲ့ လက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေအနေနဲ့ ပြည်သူတွေအတွက် ထောက်ပံ့ကြေးငွေတွေကို လွှဲပြောင်းပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထောက်ပံ့ကြေးငွေတွေကို အကျိုးခံစားခွင့် ရှိသူတွေဆီ လွှဲပြောင်းပေးတဲ့အခါမှာလည်း Wave Money က အစိုးရဌာနများနဲ့ အတူပူးပေါင်းပြီး ဆောင်ရွက်နေခဲ့တာလည်း ဖြစ်ပါတယ်။ 

မြို့ပြနဲ့ ကျေးလက်တွေပါမကျန် အားလုံး လက်လှမ်းမီနိုင်တဲ့ ငွေကြေးဝန်ဆောင်မှုကို ပေးနိုင်တဲ့အတွက်ကြောင့် အခုလို COVID-19 ကာလအတွင်းမှာ အထိခိုက်အခံစားရဆုံးသော မြန်မာပြည်သူတွေအတွက် အစိုးရနှင့် NGO အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ကြေးပေးတဲ့ နေရာမှာလည်း Wave Money က ၎င်းရဲ့ ပလက်ဖောင်းကို အကောင်းဆုံး အသုံးချတဲ့အနေနဲ့ ဝန်ဆောင်ခ မယူဘဲ ထောက်ပံ့ငွေကို အခမဲ့ ကူညီလွှဲပေးနေတာလည်း ဖြစ်ပါတယ်။

Wave Money ကို သုံးစွဲတဲ့သူတွေ နေ့စဉ်နဲ့အမျှ တိုးပွားလာတာဟာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် ငွေပေးချေမှု ပလက်ဖောင်း အသုံးပြုမှုတွေ အရှိန်အဟုန်နဲ့ ကြီးထွားလာတယ်လို့ ပြောရမှာပါ။ မြို့ပြမှာတင်မကဘဲ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးလက်ဒေသ နေရာတွေပါမကျန် Wave Money ရဲ့ ကျယ်ပြန့်တဲ့ ကွန်ရက်က လွှမ်းခြုံထားနိုင်ပြီး သုံးစွဲသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ငွေလွှဲ/ငွေထုတ်/ငွေပေးချေတာတွေကို နေ့စဉ် ဝန်ဆောင်မှုတွေ ပေးနေတာကိုလည်း တွေ့မြင်ရမှာပါ။

အခုလို ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့ အချိန်အခါမှာ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နည်းဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်တွေကဟာလည်း တကယ်ကို အကူအညီ လိုအပ်တဲ့လူတွေဆီ အချိန်တိုအတွင်း ထိထိရောက်ရောက်နဲ့ ရောက်ရှိသွားဖို့အတွက် နည်းပညာရဲ့ ပံ့ပိုးမှုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။

Social Distancing ကျင့်သုံးနေရလို့ လူချင်းဝေးနေပေမယ့် လိုအပ်တဲ့ ငွေကြေးပံ့ပိုး ကူညီပေးမှုတွေကို အခုအချိန်ထိ လူတိုင်းလက်လှမ်းမီနေကျဆိုတာ Wave Money က သက်သေပြလိုက်နိုင်ပါတယ်။

ဘာဖြစ်လို့ပါလဲ?

Wave Money လို့ပြောလိုက်တာနဲ့ ရက်ကွက်တိုင်းလိုလို၊ မြို့နယ်တိုင်းလိုလိုမှာ ဖွင့်ထားတဲ့ အိမ်ဆိုင်ငယ်လေး တွေကနေစလို့ အစိုးရနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်တဲ့ လစဉ်ပင်စင်ငွေ ထုတ်ယူတာ၊ လူမှုဖူလုံရေးငွေ ထုတ်ယူတာတွေအပြင် အခုလို ကိုဗစ်-၁၉ ကာလအတွင်းမှာ ငွေလွှဲပြောင်းခ မယူဘဲ ထောက်ပံ့ကြေးငွေတွေကို အခမဲ့ လွှဲပြောင်းပေးတာတွေနဲ့ လူသိများကြပါတယ်။

Wave Money ဟာ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ ကာလကစပြီး အစိုးရအဖွဲ့အစည်းတွေ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ဒီဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတစ်ခုအနေနဲ့ ကူညီထောက်ပံ့ငွေတွေကို လွှဲပြောင်းပေးနေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ ၈၉ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှု ကွန်ရက်တစ်ခုအနေနဲ့ အခုလို အရေးကြုံတဲ့အချိန်မျိုးမှာ တက်တက်ကြွကြွနဲ့ ကူညီအားဖြည့်ပေးနေတယ်ဆိုရင် အများပြည်သူအတွက် တကယ့်ကို ခွန်အားတစ်ရပ် ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း social distancing ကျင့်သုံးနေကြတဲ့ကာလ ဖြစ်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူတော်တော်များများ ကျေးလက်မြို့ရွာပါမကျန် ဒီဂျစ်တယ်ငွေကြေးစနစ်ဘက်ကို ကူးပြောင်းလာကြနေတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။

အထူးသဖြင့် ယခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာဆိုရင် Wave Money ပလက်ဖောင်းကနေတစ်ဆင့် ပင်စင် ဝန်ထမ်းဟောင်းတွေအတွက် ငွေကျပ် ၁.၉ ဘီလီယံကျော်နဲ့ လစဉ်လူမှုဖူလုံရေးအဖွဲ့ ထောက်ပံ့ကြေးငွေ အနေနဲ့ ငွေကျပ် ၄.၅ ဘီလီယံကျော် လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကာလ ထောက်ပံ့ကြေးငွေအနေနဲ့ ပြည်လည်ထူထောင်ရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး မသန်စွမ်းသူဦးရေ ၃,ဝဝဝ ကို ငွေကျပ် သန်း ၉၀ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ မွန်နဲ့ တနင်္သာရီမှာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး စုစုပေါင်း ၁ သိန်းခွဲကျော်ကိုလည်း ငွေကျပ် ၄.၅ ဘီလီယံကျော် လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသေးတယ်။

ဒါတွေဟာ Wave Money ရဲ့ ဝန်ဆောင်မှုတွေထဲက တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ငွေလွှဲဝန်ဆောင်မှု၊ ဖုန်းဘေလ်ဖြည့် ဝန်ဆောင်မှု၊ WavePay အက်ပလီကေးရှင်းကနေတစ်ဆင့် အွန်လိုင်းဈေးဝယ်ယူမှု စတဲ့ အခြားအခြားသော ဝန်ဆောင်မှုတွေဟာလည်း အခုလိုအချိန်အခါမျိုးမှာ လူတိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အခုလို ဒီဂျစ်တယ်သုံးစွဲမှု တိုးမြှင့်သုံးစွဲလာတဲ့ အခြေအနေတွေဟာ မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်နိုင်တဲ့ ငွေကြေးစနစ်တစ်ရပ်ကို နည်းပညာရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပြီး ဒါဟာလည်း Wave Money ရဲ့ မဏ္ဍိုင်တစ်ခုလည်း ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖန်တီးဖို့ ပြည်သူအားလုံးရဲ့ တာဝန်လည်းဖြစ်သလို အားလုံးအတူတကွနဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်ဆီ တက်ညီလက်ညီ ကူးပြောင်းကြဖို့ Wave Money နဲ့အတူ ဆန္ဒပြုပါတယ်။

Most Read

Most Recent