ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ်-၁ ကလပ် ဘူရီယမ်အသင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အောင်သူသည် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ဘူရီယမ်အသင်းနှင့် ပူးပေါင်းနေခြင်းဖြစ်ပြီး အပြီးသတ်စာချုပ်ချုပ်ဆိုရခြင်း မရှိသေးသော်လည်း ဘူရီယမ်အသင်းက ဒီဇင်ဘာ (၁၈)ရက်တွင် တိုက်စစ်မှူး အောင်သူ ရောက်ရှိနေပြီဖြစ်ကြောင်း တရားဝင်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ (၁၈)ရက်တွင် ထိုင်းလိဂ်-၁ ပွဲစဉ်ဖြစ်သော ပရာကျွတ်အသင်းနှင့် ပွဲမတိုင်မီ ကွင်းအတွင်းသို့ ရောက်ရှိလာသည့် အသင်းသားများ၏ ဓာတ်ပုံများကို ဖော်ပြရာတွင် အောင်သူ၏ပုံ ပါဝင်လာခြင်းဖြစ်သည်။
ရတနာပုံအသင်းကလည်း အောင်သူ၏ အပြောင်းအရွှေ့အတွက် အတည်ပြုခဲ့ပြီး ဒေါ်လာ (၅၀၀၀၀) ဖြင့် အပြီးသတ်ရောင်းချလိုက်ပြီဖြစ်ကြောင်း အသင်းအထွေထွေမန်နေဂျာ ဦးအတာဦးက အတည်ပြု ပြောကြားခဲ့သည်။
အောင်သူသည် ဘူရီယမ်အသင်းနှင့် ဒုတိယအကျော့မှသာ စတင်ပါဝင်ကစားနိုင်မည်ဖြစ်သည်။