၂၀၂၀ အကောင်းဆုံးဒိုင်လူကြီးဆု အော်ဆာတို ဆွတ်ခူး 

၂၀၂၀ အကောင်းဆုံးဒိုင်လူကြီးဆု အော်ဆာတို ဆွတ်ခူး 
Photo: UEFA
Photo: UEFA
Published 7 December 2020

ပြီးခဲ့သည့် မန်ယူနှင့် PSG အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များချမှတ်ခဲ့သော အီတလီကွင်းလယ်ဒိုင် အော်ဆာတိုသည် နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းပြုစုရေးအဖွဲ့ (IFFHS) မှ ချီးမြှင့်သည့် ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးဒိုင်လူကြီးဆု ဆွတ်ခူးခဲ့သည်။

အော်ဆာတိုသည် မန်ယူနှင့် PSG အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်ယူအသင်းကွင်းလယ်လူ ဖရက်ဒ်က PSG အသင်းမှ ပါရေဒက်စ်ကို ခေါင်းဖြင့်တိုက်ခဲ့သော်လည်း အဝါကတ်သာပြသသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ဖရက်ဒ်နှင့် ပါရေဒက်စ်တို့၏ဖြစ်ရပ်ကို အော်ဆာတိုက VAR ဖြင့် ပြန်လည်ကြည့်ရှုခဲ့သော်လည်း အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ပြီး သူ၏ ဆုံးဖြတ်ချက်အပေါ်  PSG အသင်းပရိသတ်များ စိတ်ပျက်ဒေါသထွက်ခဲ့သလို၊ ကျွမ်းကျင်သူများကလည်း ဝေဖန်ခဲ့ကြသည်။

အော်ဆာတိုသည် ဒုတိယပိုင်းပွဲချိန်အတွင်း ဖရက်ဒ်ကို (၂)၀ါ (၁)နီဖြင့် ထုတ်ပယ်ခဲ့ပြီး အဆိုပါဖြစ်ရပ်တွင်လည်း ဖရက်ဒ်အား ထုတ်ပယ်ခံခြင်းမှာ မှားယွင်းကြောင်း ဝေဖန်မှုများရှိနေသည်။

IFFHS သည် ၁၉၈၇ ခုနှစ်မှစတင်၍ တစ်နှစ်တာအကောင်းဆုံးဆုများ ရွေးချယ်ချီးမြှင့်နေပြီး နိုင်ငံပေါင်း (၁၅၀)မှ နာမည်ကျော်ဘောလုံးဂျာနယ်လစ်များနှင့် သမိုင်းပညာရှင်များက  ရွေးချယ်ပေးနေခြင်းလည်းဖြစ်သည်။ 

Most Read

Most Recent