စီးရီးအေပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 5 December 2020

စပီဇီယာ - လာဇီယို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၈:၃၀ နာရီ)

တန်းတက်အသင်းတွေထဲမှာ စပီဇီယာနဲ့ ဘင်နီဗန်တိုက မမျှော်လင့်ထားတွေလုပ်ပြနေပြီး စိတ်ပိုင်းဆိုင်ရာမာဂုဏ်မြင့်ကြပါတယ်။ လာဇီယိုက ချန်ပီယံလိဂ်မှာ ရုန်းကန်နေရလို့  စီးရီးအေမှာ မတည်ငြိမ်ဘူးဖြစ်နေတယ်။ လာဇီယို နိုင်သင့်တဲ့ပွဲဖြစ်ပေမဲ့ စပီဇီယာ အမှတ်မျှော်လင့်ခွင့်ရှိတယ်။ 

ဂျူဗင်တပ်စ် - တိုရီနို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၁၁:၃၀ နာရီ)

တူရင်ဒါဘီက ဂျူဗင်တပ်စ်မာဂုဏ် နည်းနည်းပြန်လျော့နေလို့ ပြိုင်ဆိုင်မှုပြင်းထန်မယ်ထင်တယ်။ စုဖွဲ့မှုအရ ဂျူဗင်တပ်စ်သာပေမဲ့ တိုရီနိုရဲ့ တိုက်စစ်ကစားဟန်က ဂိုးတွေခပ်လွယ်လွယ်ပေးနေရတဲ့ ဂျူဗင်တပ်စ်ခံစစ်ကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် မိုရာတာ မပါဝင်နိုင်လို့ စီရော်နယ်လ်ဒိုတစ်ဦးတည်း ရုန်းကန်ရမယ့်အနေအထားကြောင့် ဂျူဗင်တပ်စ် (၂)ဂိုးပြတ်၊ မပြတ်စဉ်းစားရမယ်။

အင်တာမီလန် - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၆ ရက်် နံနက် ၂:၁၅ နာရီ)

အင်တာမီလန်တိုက်စစ် ယုံကြည်ချက်မြင့်မားနေတယ်။ ဘာရယ်လာက အင်တာမီလန်ကွင်းလယ်မှာ ပိုပြီးထင်ရှားလာပြီး သူ့ဆီကနေ တိုက်စစ်လမ်းကြောင်းတွေ စတင်လာလို့ အရင်လို တောင်ပံတိုက်စစ်ကိုပဲ အားကိုးနေရတာမျိုးမဟုတ်တော့ဘူး။ ဒါပေမဲ့ ဒီပွဲပြီးရင် ချန်ပီယံလိဂ်အဆုံးအဖြတ်ကစားရမယ့်  အင်တာမီလန် လူစုံမထုတ်ဘူးဆိုရင် ဘိုလော့ဂ်နာ အခွင့်အရေး ရသွားနိုင်တယ်။ ဘိုလော့ဂ်နာပဲ အရဲစွန့်ရွေးထားချင်တယ်။

 

Most Read

Most Recent