ဘာစီလိုနာထံမှ လျော်ကြေးမရသေးဟု ဆယ်တီယန် ဆို

ဘာစီလိုနာထံမှ လျော်ကြေးမရသေးဟု ဆယ်တီယန် ဆို
Photo: Getty Images
Photo: Getty Images
Published 3 December 2020

ဘာစီလိုနာနည်းပြဟောင်း ဆယ်တီယန်က ရာထူးမှ ထုတ်ပယ်ခံရခြင်းအတွက် အသင်းထံမှ လျော် ကြေးမရသေးကြောင်း ပြောကြားခဲ့သည်။

အသက် (၆၂)နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ ဆယ်တီယန်သည်  ပြီးခဲ့သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဗယ်လ်ဗာဒီ၏နေရာ၌ ဘာစီလိုနာအသင်းနည်းပြအဖြစ် (၂)နှစ်ခွဲ စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရသည်။

သို့သော် ဆယ်တီယန်သည် အကောင်းဆုံးစွမ်းဆောင်နိုင်ခြင်းမရှိသဖြင့် ပြီးခဲ့သည့် သြဂုတ်လတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ဆယ်တီယန်သည် ရာထူးမှ ထုတ်ပယ်ခံရခြင်းအတွက် ဘာစီလိုနာအသင်းထံ လျော်ကြေးတောင်းခဲ့သော်လည်း ယခုအချိန်ထိ မရရှိသေးကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

ဆယ်တီယန်က ''ဘာစီလိုနာအသင်းက ကျွန်တော့်ကို လျော်ကြေးမပေးသေးသလို၊ ဘာကမ်းလှမ်းမှုမှလည်း မလုပ်သေးပါဘူး။ ရာထူးက ထုတ်တုန်းကလည်း ကျွန်တော့်ကို ဖုန်းခေါ်ခဲ့ခြင်းတောင် မရှိပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent