ခွဲခြားမှုပုံသေကားချပ်များ

ခွဲခြားမှုပုံသေကားချပ်များ
Published 3 December 2020
Sithu

"ကွဲပြားမှု"ကို "ခွဲခြားမှုပြု"လိုက်တဲ့အခါ ပြဿနာတက်ပါတော့တယ်။ လူမျိုးရေးခွဲခြားမှုဆိုတာ ဖြစ်လာပါတယ်။ သိလျက်နဲ့ ဖြစ်စေ၊ မသိလိုက်မသိဘာသာဖြစ်စေ ခွဲခြားခြင်းအမှုတွေကို ပြုမိနေတတ်ကြပြီး အဲဒီကနေမှ Stereotype - ပုံသေကားချပ်ပုံစံသွင်းမှုတွေဖြစ်လာကာ လူနည်းစုတွေကို ဖိနှိပ်မိစေတော့တာ ဖြစ်ပါတယ်။ ဒီသဘောနဲ့ တိုက်ဆိုင်နေတာက ဘောလုံးကမ္ဘာရဲ့ လူမည်းဂိုးသမားများအရေးပါပဲ။ ဘောလုံးကမ္ဘာမှာ ထူးချွန်တဲ့လူမည်းကစားသမားများစွာ ပေါ်ထွက်ခဲ့ဖူးပေမဲ့ ဂိုးသမားနဲ့ ပတ်သက်လာရင်  ညွှန်းဆိုပြစရာပြယုဂ်တောင် ရှားပါးနေပါတယ်။ စာဖတ်သူကိုယ်တိုင်လည်း  Google မသုံးဘဲ လူမည်းဂိုးသမား (၁၀)ဦးရဲ့ နာမည်ကို ပြောပြပါလို့ အမေးခံရရင် ဖြေရခက်နေမှာ အသေအချာပါပဲ။

 

Most Read

Most Recent