မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ၌ ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တို့ ယှဉ်ပြိုင်ထိုးသတ်မည်

မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ၌ ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တို့ ယှဉ်ပြိုင်ထိုးသတ်မည်
Photos : Myanmar Lethwei World Championship Facebook
Photos : Myanmar Lethwei World Championship Facebook
Published 3 December 2020

(၅)ကြိမ်မြောက်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တို့၏တွဲဆိုင်းကို အဓိကတွဲဆိုင်းအဖြစ် ထည့်သွင်းထားကြောင်း သိရသည်။

ယင်းမြန်မာ့လက်ဝှေ့ စိန်ခေါ်ပွဲကို ဒီဇင်ဘာ (၆)ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး SkyNet ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသသွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ပရိသတ်မပါဘဲကျင်းပသွားရန် စီစဉ်ထားပြီး ရုပ်သံမှသာ တိုက်ရိုက်ပြသသွားမည်ဖြစ်သည်။

ယခုကျင်းပမည့်ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ထွန်းထွန်းမင်းနှင့် ရွှေရာမာန်တို့ ထိုးသတ်မည်ဖြစ်ပြီး တွဲဆိုင်းစုစုပေါင်း (၆)ပွဲ ပါဝင်မည်ဖြစ်သည်။

ဒု-ခေါင်ပွဲအဖြစ် ဗျ ဂ္ဃနှင့် စောထိန်လင်းတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အခြားပွဲစဉ်များအဖြစ်  ကျားသွေးနှင့် သားဒိန်၊ စောရွှေလေးနှင့် အဖိုးသွေး၊ စောအရိုင်းနှင့် ဓနအောင်၊ ကနောင်သွေးနှင့် ပိုင်သက်အောင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ယခုတွဲဆိုင်းများအနက် စောအရိုင်းနှင့် ဓနအောင်တို့၏ တွဲဆိုင်းကိုသာ (၄)ချီယှဉ်ပြိုင်စေမည်ဖြစ်ပြီး ကျန်တွဲဆိုင်းများအားလုံးကို (၅)ချီ အလဲထိုးစနစ်ဖြင့် ပြုလုပ်မည်ဖြစ်သည်။

(၅)ကြိမ်မြောက် ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင်ပါဝင်မည့် လက်ဝှေ့သမားများ၊ ဒိုင်များ၊ အကူလူများအပါအဝင် ပါဝင်ပတ်သက်မည့်သူများအားလုံးကို Quarantine ထားရှိပြီး ရောဂါပိုးစစ်ဆေးရာတွင် အားလုံး Negative  အဖြေထွက်ပေါ် ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ယခုပြိုင်ပွဲမှာ COVID-19 ကာလအတွင်း ပြည်တွင်း၌ ပထမဆုံးကျင်းပခွင့်ရသည့် မြန်မာ့လက်ဝှေ့ပြိုင်ပွဲဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent