ကစားသမားဟောင်း ဂျွန်နီအီဗန်စ် ကို လက်စတာမှ ပြန်ခေါ်ရန် မန်ယူအသင်း စီစဉ်နေ

ကစားသမားဟောင်း ဂျွန်နီအီဗန်စ် ကို လက်စတာမှ ပြန်ခေါ်ရန် မန်ယူအသင်း စီစဉ်နေ
Photos : Getty Images
Photos : Getty Images
Published 2 December 2020

မန်ယူအသင်းသည် လက်စတာအသင်းမှ ၎င်းင်းတို့၏နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ဂျွန်နီအီဗန်စ်(၃၂ နှစ်)ကို ပြန်လည်ခေါ်ယူရန်စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ The Sun ကဖော်ပြခဲ့သည်။ 

ဂျွန်နီအီဗန်စ်သည် မန်ယူအသင်းတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ၂၀၁၅ နွေရာသီတွင် ဝက်စ်ဘရွန်းအသင်းသို့ပြောင်းရွှေ့သွားခဲ့ကာ ၂၀၁၈ နွေရာသီတွင် လက်စတာအသင်းသို့ ရောက်ရှိလာသူဖြစ်သည်။ 

လက်စတာအသင်းတွင် ခြေစွမ်းပြကစားနေသာ ဂျွန်နီအီဗန်စ်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းသို့ ပြန်လည်ခေါ်ယူရေးအတွက် မန်ယူအသင်းက စီစဉ်နေပြီး လက်စတာအသင်းနှင့် ၎င်း၏စာချုပ်အခြေအနေကို စောင့်ကြည့်နေကြောင်းသိရှိရသည်။

Most Read

Most Recent