ဘူရီယမ်အသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် အနီကတ်ပြသခံခဲ့ရသဖြင့် ဆူခိုထိုင်းနောက်ခံလူ ဇော်မင်းထွန်း တောင်းပန်

ဘူရီယမ်အသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် အနီကတ်ပြသခံခဲ့ရသဖြင့် ဆူခိုထိုင်းနောက်ခံလူ ဇော်မင်းထွန်း တောင်းပန်
Photos : Zaw Min Tun Facebook
Photos : Zaw Min Tun Facebook
Published 25 November 2020

ဆူခိုထိုင်းအသင်း နောက်ခံလူ ဇော်မင်းထွန်းသည် ဘူရီယမ်အသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် တိုက်ရိုက်အနီကတ်ပြသခံရကာ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။

ဇော်မင်းထွန်းသည် ပွဲကစားချိန် (၈၈)မိနစ်တွင်  ဘူရီယမ်အသင်း၏ ထိုင်းလက်ရွေးစင်ကစားသမား ဆူပါချိုင်းအား ဖျက်ထုတ်ပုံကြမ်းခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်အပေါ် ကွင်းလယ်ဒိုင်က VAR ကြည့်ရှုကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ဇော်မင်းထွန်းအား တိုက်ရိုက်အနီကတ်ပြသပြီး ကွင်းအတွင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆူခိုထိုင်းနောက်ခံလူ ဇော်မင်းထွန်း က "ကျွန်တော့်ရဲ့ အနီကတ်အတွက် ပရိသတ်တွေနဲ့ အသင်းဖော်တွေကို တောင်းပန်ပါတယ်။ ဒီအနီကတ်အတွက် ကျွန်တော့်မှာ ရည်ရွယ်ချက်မရှိခဲ့ပါဘူး" ဟု ဇော်မင်းထွန်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ဇော်မင်းထွန်းသည် ဆူခိုထိုင်းအသင်းနှင့် ပြီးခဲ့သည့် အောက်တိုဘာလတွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူဖြစ်သော်လည်း အသင်းဘက်မှ စာချုပ်သက်တမ်း (၂)လ ဆက်လက်တိုးမြှင့်ထားခြင်းဖြစ်သည်။

Most Read

Most Recent