ယူရို-၂၀၂၀ Play-offs ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၀ Play-offs ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 November 2020

ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ လက်ကျန် (၄)နေရာအတွက် နောက်ဆုံးယှဉ်ပြိုင်ပွဲကြမဲ့ Play-offs ပွဲစဉ်တွေကို ယနေ့ညမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး ဆားဘီးယား - စကော့တလန်ပွဲကတော့ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိပါတယ်။ ဒါ့အပြင် ဟမ်ဆစ် ဦးဆောင်နေဆဲဖြစ်တဲ့ ဆလိုဗက်ကီးယားကလည်း အောင်ပွဲရသွားဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ယူရို-၂၀၁၆ မှာ မထင်မှတ်တာတွေ လုပ်ပြခဲ့တဲ့ အိုက်စလန်ကရော နောက်ဆုံးအဆင့်အတွက် ရလဒ်ကောင်းရယူနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

အမှားခံလို့မရတဲ့ နောက်ဆုံးခြေလှမ်းများ

ဂျော်ဂျီယာ နှင့် မက်ဆီဒိုးနီးယား (၁၂-၁၁-၂၀၂၀ ည ၁၁:၃၀ နာရီ)

Play-offs ဖိုင်နယ်ပွဲရဲ့ ပြိုင်ဘက်နှစ်သင်းက ဆီမီးဖိုင် နယ်အဆင့်တွေမှာ ဘီလာရုစ်နဲ့ ကိုဆိုဗိုတို့ကိုကျော်ဖြတ်လာ ခဲ့တယ်။ ခြေစွမ်းချင်းသိပ်မကွာကြဘူး။ နှစ်သင်းစလုံး သူ့အဆင့် နဲ့သူဆိုရင် မာကျောတယ်။ ဒီပွဲမတိုင်ခင် Nations League ပွဲစဉ်အဖြစ် နောက်ဆုံးကစားခဲ့ကြတဲ့ပွဲမှာ (၁-၁) ဂိုးစီသရေကျ ခဲ့ပြီး ၂၀၂၀ အတွင်းကစားခဲ့တဲ့ (၂)ပွဲစလုံး (၁-၁)ပါ။ လူအင် အားပိုင်းမှာ မက်ဆီဒိုးနီးယား သာပါတယ်။ ဒါပေမဲ့ ဒီပွဲက ဂျော် ဂျီယာကွင်းဖြစ်လို့ ဂျော်ဂျီယာကိုပိုကြိုက်တယ်။ 

ဆားဘီးယား နှင့် စကော့တလန် (၁၃-၁၁-၂၀၂၀ နံနက် ၂:၁၅ နာရီ)

ဒီနှစ်သင်းထိပ်တိုက်တွေ့တာ နှစ်သင်းစလုံးအတွက် နစ်နာပါတယ်။ Play-offs ဖိုင်နယ်ပွဲစဉ် (၄)ပွဲထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်ပြီး၊ လူအင်အားအရလည်း အတောင့်တင်းဆုံးအသင်းတွေဖြစ်တယ်။ ဆားဘီးယားက ကိုလာရော့ဗ်၊ တာဒစ်၊ မီလန်ကိုဗစ်၊ မက်ဆီမိုဗစ်၊ မီထရိုဗစ်၊ ယိုဗစ်၊ မာတစ်တို့ ဦးဆောင်ပြီး၊ စကော့တလန်ကလည်း ရောဘတ်ဆန်၊ တီယာနီ၊ တွမ်မီနေး၊ အမ်းစထရောင်း၊ ဖရေဆာတို့နဲ့ အားကောင်းပါတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရဆိုရင် နော်ဝေလိုအသင်းကို ကျော်ဖြတ်လာတဲ့ ဆားဘီးယားကို ပိုကြိုက်တယ်။ 

မြောက်အိုင်ယာလန် နှင့် ဆလိုဗက်ကီးယား (၁၃-၁၁-၂၀၂၀ နံနက် ၂:၁၅ နာရီ)

နှစ်သင်းစလုံးရဲ့အကောင်းဆုံးအချိန်တွေတော့ မဟုတ်ဘူး။ မြောက်အိုင်ယာလန်ရဲ့ကစားသမားစုဖွဲ့မှုက အားရစရာ မရှိတော့သလို၊ ဆလိုဗက်ကီးယားမှာလည်း ဟမ်ဆစ်ဦးဆောင် နေဆဲဆိုပေမဲ့ ကစားသမားကောင်းတော်တော်များများ မရှိတော့တာ တွေ့ရတယ်။ Play-offs ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာတော့ နှစ်သင်းစလုံး ပယ်နယ်တီအဆုံးအဖြတ်တွေနဲ့ နိုင်ပြီး ဒီအဆင့်ကို ရောက်လာတာပါ။ နှစ်သင်းစလုံးရဲ့ ဂိုးသွင်းနှုန်းတွေကလည်း သိပ်အားရစရာမရှိလို့ ဒီပွဲက သွင်းဂိုးနည်းနိုင်တယ်။ ဆလိုဗက်ကီးယားကို ကြိုက်တယ်။ 

ဟန်ဂေရီ နှင့် အိုက်စလန် (၁၃-၁၁-၂၀၂၀ နံနက် ၂:၁၅ နာရီ)

ဒီဖက်နှစ်ပိုင်းတွေမှာ ဟန်ဂေရီက ခြေပြန်တက်လာတာ တွေ့ရတယ်။ အိုက်စလန်က ၂၀၁၈ လောက်အထိ မထင်မှတ် လောက်အောင် ကောင်းခဲ့ဖူးပေမဲ့ ဒီဘက်နှစ်တွေမှာ နည်းနည်းလေးပြန်ကျသွားတယ်။ ဒါပေမဲ့ အသင်းကောင်းတစ်သင်း အဖြစ်ရှိနေဆဲပါ။ မာကိုရော့ဆီရဲ့ ဟန်ဂေရီက Nations League နောက်ဆုံး (၂)ပွဲမှာ ဆားဘီးယားကို အနိုင်ကစားပြီး၊ ရုရှားလိုအသင်းကိုလည်း ဂိုးမရှိသရေကစားခဲ့တယ်။ ဒီပွဲလည်း ဘူဒါပတ်စ်မှာကစားမှာဖြစ်လို့ ဟန်ဂေရီကို ကြိုက်တယ်။

Most Read

Most Recent