တစ်ပွဲလျှင် (၅)ဦးအထိ လူစားလဲခွင့်ပြုရန် ဂွါဒီယိုလာ တောင်းဆိုနေသော်လည်း ယခုရာသီ လူစားလဲမှုအနည်းဆုံးနည်းပြ (၃)ဦးတွင်ပါဝင်နေ

တစ်ပွဲလျှင် (၅)ဦးအထိ လူစားလဲခွင့်ပြုရန် ဂွါဒီယိုလာ တောင်းဆိုနေသော်လည်း ယခုရာသီ လူစားလဲမှုအနည်းဆုံးနည်းပြ (၃)ဦးတွင်ပါဝင်နေ
Photo: Getty Images
Photo: Getty Images
Published 10 November 2020

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် ကစားသမားများ၏ ပွဲပန်းမှုနှင့် ဒဏ်ရာပြဿနာများကို ထည့်သွင်းစဉ်းစားသည့်အနေဖြင့် လူစားလဲမှုအရေအတွက်ကို တစ်ပွဲလျှင် (၅)ဦးအထိ သတ်မှတ်ပေးရန် တောင်းဆိုနေသော်လည်း အမှန်တကယ်အားဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် လူစားလဲမှုအနည်းဆုံးပြုလုပ်သည့် နည်းပြများထဲတွင် ပါဝင်နေသည်။ 

        

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈)အ ပြီးတွင် လူစားလဲမှု အကြိမ်အရေအတွက် အနည်းဆုံးပြုလုပ်ထားသည့် နည်းပြများမှာ ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်၊ အက်စတွန်ဗီလာအသင်းနည်းပြ ဒင်းစမစ်နှင့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာတို့ဖြစ်သည်။ 

ရှောင်ဒိုက်နှင့် ဒင်းစမစ်တို့က လူစားလဲမှုအကြိမ် အရေအတွက် (၁၂)ကြိမ်စီသာပြုလုပ်ထားကာ ထိပ်ဆုံးတွင် အသီးသီးရပ်တည်နေကြပြီး၊ ဂွါဒီယိုလာကမူ လူစားလဲမှုအရေအတွက် (၁၄)ကြိမ်သာ ပြုလုပ်ထားခြင်းဖြစ်သည်။ 

မန်စီးတီးနှင့် ကစားသည့် ပြိုင်ဘက်အသင်းများ၏ လူစားလဲမှုအရေအတွက်မှာ (၁၉)ကြိမ်ရှိခဲ့ပြီး ဂွါဒီယိုလာထက် ပိုများသည့် အရေအတွက်လည်းဖြစ်သည်။

    

တစ်ပွဲပျမ်းမျှ အရေအတွက်အားဖြင့် ဂွါဒီယိုလာက လူစားလဲမှုကို တစ်ပွဲလျှင် (၂)ကြိမ်သာပြုလုပ်လျက်ရှိပြီး မန်စီးတီးအသင်း၏ ပြိုင်ဘက်အသင်းများ၏ လူစားလဲသည့်အရေအတွက်များနှင့် နှိုင်းယှဉ်ပါကလည်း အလွန်ကွာခြားလျက်ရှိသည်။ 

ပြိုင်ဘက်များထဲတွင် မော်ရင်ဟိုနှင့် အာတီတာက (၂၄)ကြိမ်၊ အန်ဆယ်လော့တီ၊ ရော်ဂျာတို့က (၂၃)ကြိမ်၊ လမ်းပတ်၊ ကလော့ပ်တို့က (၂၂)ကြိမ်နှင့် ဆိုးလ်ရှားက (၂၁) ကြိမ်ပြုလုပ်ထားသည်။ 

Most Read

Most Recent