လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အင်တာမီလန်အသင်းမှ အဲရစ်ဆင် ထွက်ခွာဖွယ်ရှိနေ 

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အင်တာမီလန်အသင်းမှ အဲရစ်ဆင် ထွက်ခွာဖွယ်ရှိနေ 
Photo: Getty Images
Photo: Getty Images
Published 10 November 2020

အင်တာမီလန်ကွင်းလယ်လူ အဲရစ်ဆင်သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်သည် ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပါးအသင်းမှ အင်တာမီလန်အသင်းသို့ ယူရို (၁၀)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

သို့သော် အဲရစ်ဆင်သည် အင်တာမီလန်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး နည်းပြ ကွန်တီနှင့်လည်း အဆင်မပြေဖြစ်နေကြောင်း သိရသည်။ 

အဲရစ်ဆင်သည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၇) ပွဲသာ ပါဝင်ထားရပြီး အများစုမှာ လူစားဝင်အဖြစ်သာ ပါဝင်ကစားခဲ့ရခြင်းဖြစ်သည်။ 

ထို့ကြောင့် အဲရစ်ဆင်သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းမှ ထွက်ခွာရန် စီစဉ်နေပြီး ၎င်းကို ခေါ်ယူရန် အသင်းဟောင်း စပါး၊ ရီးယဲလ်မက်ဒရစ်အသင်းအပါအဝင် ပရီးမီးယားလိဂ်ကလပ်များက စိတ်ဝင်စားနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

Most Read

Most Recent