နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များဆွေးနွေး
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ တွေ့ဆုံစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ တွေ့ဆုံစဉ်
Published 10 November 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr.SASAKAWA Yohei တို့ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် COVID-19 ကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ စီမံထားပြီး လွတ်လပ်၍တရားမျှသော ရွေးကောက်ပွဲကိုတည် ငြိမ်အေးချမ်းစွာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်သည်ကို တွေ့မြင်ရ၍ အထူးပင် ဂုဏ်ပြုကြောင်း အဆိုပါတွေ့ဆုံပွဲတွင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr.SASAKAWA Yohei က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy- NLD) ပါတီအနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို အများဆုံးရရှိရှိပြီး အောင်နိုင်ခဲ့သည့်အတွက်လည်း ချီးကျူးဂုဏ်ပြုကြောင်း၊ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးသည့်နောက်ပိုင်း ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံပြည်သူများ လူမှု-စီးပွား တိုးတက်မြင့်မားလာရေးအတွက် ဘက်စုံထောင့်စုံမှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr.SASAKAWA Yohei က ပြောကြားသည်။

၎င်းင်းအနေဖြင့် ယခုရွေးကောက်ပွဲတွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ လေ့လာကြည့်ရှုခဲ့ကြောင်း၊ စီမံခန့်ခွဲမှုများကို အထူးပင်စနစ်ကျစွာ ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက်လည်း စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr.SASAKAWA Yohei က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အပြည့်အဝ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ရရှိထားသည့် နယ်မြေဒေသများတွင် ငြိမ်းချမ်းရေးအသီးအပွင့်များ ရရှိခံစားနိုင်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိရန်အတွက် အထူးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ထပ်ဖွဲ့စည်းမည့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr.SASAKAWA Yohei က ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဂျပန်နိုင်ငံအစိုးရက စေလွှတ်သော လေ့လာရေးအဖွဲ့အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံအမတ်ကြီး Mr.Ichiro MARUYAMA တို့ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent