အောင်လအန်ဆန်ကို ထောက်ခံခြင်းမှာ မိမိနာမည်ကြီးစေရန်အတွက်မဟုတ်ဟု ဒေ့ဗ် ပြောကြား

အောင်လအန်ဆန်ကို ထောက်ခံခြင်းမှာ မိမိနာမည်ကြီးစေရန်အတွက်မဟုတ်ဟု ဒေ့ဗ် ပြောကြား
Photos : Dave Leduc Facebook
Photos : Dave Leduc Facebook
Published 10 November 2020

ကနေဒါနိုင်ငံသား ဒေ့ဗ်က မိမိနာမည်ကြီးစေရန်အတွက် အောင်လအန်ဆန်ကို ထောက်ခံခဲ့ခြင်းမဟုတ်ကြောင်း Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ကျွန်တော်နဲ့ ကိုအောင်လက ညီအစ်ကိုတွေပါ။ သူ့ကို အရိုးသားဆုံးထောက်ခံတာပါ။ နာမည်ကြီးဖို့ ဘယ်သူ့ရဲ့နာမည်ကိုမှ ယူသုံးစရာ မလိုပါဘူး။ ဆိုင်းရပ်စ်နဲ့ပွဲမှာလည်း ကျွန်တော့်ရဲ့ပုံစံကောင်းကိုပြသပြီး အ           ကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့တာကို တွေ့ကြမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အစ်ကို (အောင်လအန်ဆန်)အနေနဲ့ အမြန်ဆုံးပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ဒေ့ဗ်က ပြောကြားခဲ့သည်။

ဒေ့ဗ်သည် နိုဝင်ဘာ ၇ ရက် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်း)က အမေရိကန်နိုင်ငံ၌ကျင်းပသည့် မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲတွင် အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်ဝါရှင်တန်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

ဒေ့ဗ်သည် ဆိုင်းရပ်စ်ကို ပွဲချိန်ပြည့် ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး တံတောင်ရိုက်ချက်နှင့် ပင့်လက်သီးများကြောင့် စတုတ္ထအချီတွင် ဆိုင်းရပ်စ် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်း၌ လက်ဝှေ့ပွဲစဉ်များ ကျင်းပခွင့်မရသေးဘဲ ယင်းအခြေအနေမှာ ပြည်တွင်းရှိ လက်ဝှေ့ကစားသမားများနှင့် ကလပ်များအပေါ်တွင် ရိုက်ခတ်မှုများရှိနေကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် လက်ဝှေ့ကလပ်များနှင့် ကစားသမားများ၏ ဘဝရပ်တည်မှုအခြေအနေမှာလည်း ထိခိုက်မှုများရှိလာကြောင်း သိရသည်။

Most Read

Most Recent