မန်ယူအသင်းတွင် ပေါ့ဘာ ပျော်ရွှင်ခြင်းမရှိဟု ပြင်သစ်နည်းပြ ဒေးရွှမ့် ဆို

မန်ယူအသင်းတွင် ပေါ့ဘာ ပျော်ရွှင်ခြင်းမရှိဟု ပြင်သစ်နည်းပြ ဒေးရွှမ့် ဆို
Photo: FFF
Photo: FFF
Published 10 November 2020

ပြင်သစ်လက်ရွေးစင်အသင်း၏ နည်းပြ ဖြစ်သူ ဒီဒီယာဒေးရွှမ့်က အသင်း၏ ကွင်းလယ်လူ ပေါလ်ပေါ့ဘာသည် သူ၏ ကလပ်အသင်းဖြစ်သည့် မန်ယူအသင်းတွင် ကစားရသည်ကို ပျော်ရွှင်ခြင်းမရှိကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။

ဒေးရွှမ့်က ပေါ့ဘာသည် မန်ယူတွင် ကစားနေရသည့် ပွဲထွက်ခွင့်အပေါ်တွင်ရော၊ ကစားရသည့်နေရာအတွက်ပါ မပျော်မရွှင် ဖြစ်နေသည်ဟုဆိုခဲ့ပြီး "ပေါ့ဘာအကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူနဲ့ ကလပ်အသင်းရဲ့ လက်ရှိအနေအထားကို သူ မပျော်ရွှင်ပါဘူး။ ကစားခွင့်ရတဲ့အချိန်အတွက်ရော၊ ကစားနေရတဲ့နေရာအတွက်ပါ သူ မပျော်ရွှင်ပါဘူး။ ပြီးတော့ လက်ရှိအချိန်က သူ့ ရဲ့အကောင်းဆုံးအချိန်လည်း မဟုတ်ပါဘူး။ ဒဏ်ရာတွေအများကြီးနဲ့ ကြုံခဲ့တယ်။ COVID-19 ကြောင့်လည်း  အခက်အခဲတွေ့ခဲ့တယ်။ သူက သူ့ရဲ့ပုံစံအမှန်ကိုပြဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ ပြင်သစ်အသင်းမှာတော့ သူ စိုးရိမ်စရာမရှိပါဘူး။ သူ့ကို ကျွန်တော် ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ ပြင်သစ်အသင်းမှာ ပိုပျော်ရွှင်တဲ့အကြောင်း ကျွန်တော့်ကို သူပြောပြီး ကျွန်တော်လည်း ဒါကိုသိပါတယ်" ဟု ပြောကြားခဲ့သည်။

ပေါ့ဘာသည် မန်ယူအသင်းနောက်ဆုံးကစားခဲ့သည့် ဘာရှက်ဆီဟီနှင့် ချန်ပီယံလိဂ်ပွဲစဉ်၊ အဲဗာတန်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အရန်ကစားသမားအဖြစ်သာ လူစားဝင်ကစားခွင့်ရရှိခဲ့သည်။

Most Read

Most Recent