Myanmar Tradenet 2.0 စနစ် စတင်မည့် နိုဝင်ဘာ ၁ ရက်မှစ၍ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲကောက်ခံမည်

Myanmar Tradenet 2.0 စနစ် စတင်မည့် နိုဝင်ဘာ ၁ ရက်မှစ၍ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲကောက်ခံမည်
Published 31 October 2020

Myanmar Tradenet 2.0 စနစ်စတင်မည့် နိုဝင်ဘာ ၁ ရက်မှစ၍ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေ ဖြင့် National Single Window အထောက်အကူပြုစနစ်ဖြစ်စေရန် ကုန်သွယ်မှုလုပ်ငန်း စဉ်တစ်လျှောက်တွင် ကုန်သွယ်မှုဆက်စပ် ဌာနများအကြား တူညီသည့်အချက်များကို Single Entry အဖြစ် ဆောင်ရွက်နိုင်စေရန်၊ ထောက်ခံချက်ပေးသည့် လုပ်ငန်းများအပါအဝင် လိုင်စင်စနစ်နှင့် ဆက်စပ်လုပ်ငန်းများ အား အွန်လိုင်းအသုံးပြု၍ ဆောင်ရွက်နိုင်စေရန်အတွက် Myanmar Tradenet 2.0စနစ် ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်မှစ၍ အဆင့်လိုက် အသုံးပြုဆောင်ရွက်သွားမည် ဖြစ်သည်။

ပထမအဆင့်အနေဖြင့် Myanmar Tradenet Member လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး ကျန် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်လုပ်ငန်းများအား ဆက်လက်တိုးမြှင့် ဆောင်ရွက်မည်ဖြစ်သည်။

သို့ဖြစ်ရာ Myanmar Tradenet2.0 စနစ် စတင်သည့်နေ့မှစ၍ Myanmar Tradenet 2.0 စနစ်အပါအဝင် အွန်လိုင်းစနစ် အားလုံးတွင် ကောက်ခံလျက်ရှိသော ကုန် သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများ အား သတ်မှတ်နှုန်းထားအတိုင်း ပေးသွင်းရန် ဖြစ်သည်။ သို့သော် ကျန်ကုန်သွယ်မှုဆိုင်ရာ ကောက်ခံသည့်နှုန်းထားများနှင့် ပတ်သက်၍ ပြောင်းလဲမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပြောင်းလဲကောက်ခံမည့် ကုန် သွယ်မှုဆိုင်ရာ ဝန်ဆောင်ခနှုန်းထားများမှာ Myanmar Tradenet2.0 စနစ် အသုံးပြုမှု နှစ်စဉ်ကြေးအား လက်ရှိကောက်ခံမှု ကျပ် ၁၃၀၀၀ မှ ကျပ် ၁၅၀၀၀ သို့လည်းကောင်း၊ အွန်လိုင်းဝန်ဆောင်မှုအတွက် လက်ရှိ  ကောက်ခံမှု ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ သို့ လည်းကောင်း၊ ပို့ကုန်လိုင်စင်/ပါမစ်သက် တမ်းတိုးခြင်း/ပြင်ဆင်ခြင်း ဒဏ်ကြေးအ တွက် လက်ရှိကောက်ခံမှု ရှစ်ရက်မှ တစ်လ အတွင်း ကျပ် ၅၀၀ အစား သက်တမ်းကုန်ဆုံး သည့်ရက်မှစ၍ တစ်လအတွင်း ကျပ် ၅၀၀၀ သို့လည်းကောင်း၊ တစ်လကျော်အတွက် လက်ရှိကောက်ခံမှု ကျပ် ၅၀၀၀ မှ သက်တမ်း ကုန်ဆုံးသည့်ရက်မှစ၍ တစ်လနှင့်အထက် အတွက် ကျပ် ၁၀၀၀၀ သို့လည်းကောင်း ပြောင်းလဲကောက်ခံမည်ဖြစ်သည်။

သွင်းကုန်လိုင်စင်ပါမစ်/သက်တမ်း တိုးခြင်း/ ပြင်ဆင်ခြင်း/ပြန်လည်အပ်နှံခြင်း ဒဏ်ကြေးအတွက် ရှစ်ရက်မှ တစ်လအတွင်း ကျပ် ၅၀၀ အစား သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍ တစ်လအတွင်း ကျပ် ၅၀၀၀ နှင့် တစ်လကျော်အတွက် ကျပ် ၅၀၀၀ အစား သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ တစ်လ နှင့်အထက်အတွက် ကျပ် ၁၀၀၀၀ သို့ ပြောင်း လဲကောက်ခံမည်ဖြစ်သည်။

Most Read

Most Recent