လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါအခြေအနေကြောင့် ပြည်တွင်းလေကြောင်းလိုင်းအားလုံး၏ ခရီးစဉ်ပျံသန်းမှုကို နိုဝင်ဘာ ၁၅ ရက်အထိ တိုးမြှင့်ရပ်နား

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါအခြေအနေကြောင့် ပြည်တွင်းလေကြောင်းလိုင်းအားလုံး၏ ခရီးစဉ်ပျံသန်းမှုကို နိုဝင်ဘာ ၁၅ ရက်အထိ တိုးမြှင့်ရပ်နား
ကိုဗစ်ကာလအတွင်း ရန်ကုန်လေဆိပ် ပြည်တွင်းဆိုက်ရောက် ထွက်ခွာဆောင်အားတွေ့ရစဉ်
ကိုဗစ်ကာလအတွင်း ရန်ကုန်လေဆိပ် ပြည်တွင်းဆိုက်ရောက် ထွက်ခွာဆောင်အားတွေ့ရစဉ်
Published 28 October 2020
ရွှန်းလဲ့ဝင်း

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါအခြေအနေများကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ ခရီးစဉ်ပျံသန်းမှုကို နိုဝင်ဘာ ၁၅ ရက်အထိ တိုးမြှင့်ရပ်နားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လတ်တလောတွင် COVID-19 ရောဂါပိုးတွေ့ရှိလူနာအရေအတွက် များပြားလာသည့်အတွက် မြန်မာနိုင်ငံအတွင်း ပျံသန်းလျက်ရှိသည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ခရီးစဉ်ပျံသန်းမှုများကို ယာယီရပ်နားထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှုကိုထိရောက်စွာ ထိန်းချုပ်ရန်အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် နေထိုင်သည့် ပြည်သူများအား နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှုကိုထိရောက်စွာ ထိန်းချုပ်ရန်အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ယာယီရပ်ဆိုင်းထားခြင်းကြောင့် လေဆိပ်အသုံးပြုသူ ခရီးသည်ပမာဏမှာ ဖေဖော်ဝါရီလဝက်ခန့်ကပင် စတင်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ ခရီးသွားလုပ်ငန်းကဏ္ဍ ရပ်တန့်ခဲ့ရခြင်းကြောင့် လေဆိပ်အတွင်းရှိ လေကြောင်းလိုင်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် အရောင်းဆိုင်ခန်းများ၏ ပုံမှန်လည်ပတ်မှုကို အကျိုးသက်ရောက်မှုများရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်လေဆိပ်၏ ပုံမှန်လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၈၀ ကို ကျခံနေရသော YACL ကုမ္ပဏီအနေဖြင့်လည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ ရကြောင်း သိရသည်။ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းရှိ လေကြောင်းပျံသန်းမှုနယ်ပယ်တစ်ခုလုံးအပေါ် ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှု ကြီးမားစွာဖြင့် စီးပွားရေးအခက်အခဲများကြုံတွေ့နေရချိန်တွင် ရန်ကုန်လေဆိပ်အနေဖြင့် ၎င်း၏မိတ်ဖက် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် အခန်းငှားရမ်းခ ကင်းလွတ်ခွင့်နှင့် လျှော့ချပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent