နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်၍ အချို့အိမ်နီးချင်းနိုင်ငံများထက် အခြေအနေကောင်းပြီး ယခုနှစ် ရည်ရွယ်ထားချက်၏ ၉၈ ရာခိုင်နှုန်းအထိ ပြည့်စုံခဲ့ကာ အင်မတန်မှအောင်မြင်မှုဘက်က ပိုခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်၍ အချို့အိမ်နီးချင်းနိုင်ငံများထက် အခြေအနေကောင်းပြီး ယခုနှစ် ရည်ရွယ်ထားချက်၏ ၉၈ ရာခိုင်နှုန်းအထိ ပြည့်စုံခဲ့ကာ အင်မတန်မှအောင်မြင်မှုဘက်က ပိုခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Photo: Myanmar State Counsellor Office
Photo: Myanmar State Counsellor Office
Published 26 October 2020
နေမျိုးဝင်း

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်၍ အချို့အိမ်နီးချင်းနိုင်ငံများထက် အခြေအနေကောင်းပြီး ယခုနှစ် ရည်ရွယ်ထားချက်၏ ၉၈ ရာခိုင်နှုန်းအထိ ပြည့်စုံခဲ့ကာ အင်မတန်မှ အောင်မြင်မှုဘက်က ပိုခဲ့ကြောင်း   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အောက်တိုဘာ ၂၆ ရက်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထို့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပက ရင်းနှီးမြှပ်နှံမှုများရအောင် မည်သည့်အဆင့်ထိရောက်အောင် ဆောင်ရွက်မည်ဟု ၂၀၁၆ ခုနှစ်က ချမှတ်ရည်ရွယ်ထားသည့် ကိန်းဂဏန်းများနှင့်ဆိုလျှင် ယခုနှစ်တွင် ၉၈ ရာခိုင်နှုန်း ပြည့်စုံခဲ့ပြီး နှစ်ရာခိုင်နှုန်းသာ လျှော့ကျခဲ့ကြောင်း၊ ထို့အပြင် အကောင်းဘက်က ကြည့်မည်ဆိုပါက ယခုနှစ်ကုန်ရန် နှစ်လကျန်သေးသည့်အတွက် အဆိုပါ နှစ်ရာခိုင်နှုန်းမှာလည်း ပြည့်သွားနိုင်ကြောင်း ၊ တခြားအိမ်နီးချင်းနိုင်ငံ တော်တော်များများတွင် ယခုထက်ပိုပြီး အခြေအနေမှာ စိုးရိမ်စရာဖြစ်သည်ဟု ပြော၍ရကြောင်း စသည်ဖြင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

“ အခု ကျွန်မတို့ လေ့လာလိုက်တဲ့အခါမှာ ဒီနိုင်ငံခြားရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေဟာ တချို့အိမ်နီးချင်းနိုင်ငံတွေနဲ့စာလို့ရှိရင် အခြေအနေဟာ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ ကျွန်မတို့ ၂၀၁၆ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ ရည်ရွယ်ချက် ဘယ်လောက်အဆင့်ထိ ပြည်ပက ရင်းနှီးမြှပ်နှံမှုတွေရအောင် လုပ်မလဲဆိုပြီးတော့ ရည်ရွယ်တဲ့စီမံကိန်းတွေ ချထားတာရဲ့ ကိန်းဂဏန်းနဲ့စာလို့ရှိရင် ကျွန်မတို့ ဒီနှစ်မှာဆိုရင် ၉၈ ရာခိုင်နှုန်း ပြည့်စုံပါတယ်။ ဒီတော့ ကိုဗစ်ရောဂါဖြစ်တာတောင်မှ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုုင်နဲ့စာလို့ရှိရင် နှစ်ရာခိုင်နှုန်းပဲ လျော့တယ်လို့ ပြောလို့ရပါတယ်။ အဲဒါကိုပိုပြီးတော့ အကောင်းဘက်က ကြည့်မယ်ဆိုလို့ရှိရင် နောက်နှစ်လတော့ ကျန်သေးတယ်။ ဒီနောက်နှစ်လကျရင် နှစ်ရာခိုင်နှုန်းလည်း ပြည့်သွားနိုင်တာပေါ့နော်။ မပြည့်ဘူး ဆိုရင်တောင်မှ ဒီလိုအခြေအနေမျိုးမှာ ၉၈ ရာခိုင်နှုန်းအထိ အောင်မြင်တယ်ဆိုတာ အခြေအနေကို ထိန်းသိမ်းတဲ့နေရာမှာ မဆိုးဘူးလို့ ပြောရမှာပါ။  တခြားအိမ်နီးချင်းနိုင်ငံ တော်တော်များများမှာ ဆိုလို့ရှိရင် ဒီထက်ပိုပြီးတော့ အခြေအနေက စိုးရိမ်စရာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်မအနေနဲ့က တခြားနိုင်ငံတွေကို မလေးစားလို့ ပြောတာမဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူတွေအနေနဲ့ နားလည်နိုင်ဖို့ပါ။ ကျွန်မတို့ ခန့်မှန်းချက်က ၁၀၀ ရာခိုင်နှုန်း မပြည့်ဘူးဆိုပေမဲ့ ဒီ ၉၈ ရာခိုင်နှုန်း ဆိုတာကတော့ အင်မတန်မှ အောင်မြင်မှုဘက်က ပိုတယ်လို့ပဲ ပြောရမှာပဲ”  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် ရွေးကောက်ပွဲ နီးလာပြီဖြစ်သည့်အတွက်  ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် လိုအပ်သော ကျန်းမာရေး အကာအကွယ်ပစ္စည်းများကိုလည်း တရုတ်နိုင်ငံမှ မှာယူထားပြီး ရွေးကောက်ပွဲအမီ ရောက်ရန် စီစဉ်ထားကြောင်း ၊ ယင်းအစီအစဉ်အရ လေကြောင်းဖြင့် နေ့စဉ်ရောက်ရှိနေပြီး တစ်တိုင်းပြည်လုံးရှိ လိုအပ်သည့် နေရာများတွင် ဖြန့်ချီသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent