ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် COVID-19 ရောဂါစစ်ဆေးမှု ဒုတိယအကြိမ်တွင်လည်း Positive ထပ်မံတွေ့ရှိရသဖြင့် ဘာစီလိုနာအသင်းနှင့်ကစား မည့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်ခွင့်ရရန် မသေချာကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် သွားရောက်ကစားစဉ် အောက်တိုဘာ (၁၃) ရက်က COVID-19 Positive တွေ့ရှိသဖြင့် တူရင်မြို့သို့ပြန်လာ၍ နေအိမ်၌ Quarantine နေထိုင်လျက်ရှိသည်။
ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာတွင် Positive တွေ့ရှိကြောင်း Sky Sports Italia သတင်းဌာနက ဖော်ပြခဲ့သည်။ စီရော်နယ်လ်ဒိုသည် ကျန်းမာရေးကောင်းမွန်နေပြီး မည်သည့်လက္ခဏာမျှမပြသော်လည်း Positive ရလဒ် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စပိန်အခြေစိုက် သတင်းဌာနများက ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီနှင့် ပြန်လည်ဆုံတွေ့မည့်ပွဲကို စီရော်နယ်လ်ဒိုလွဲချော်ရန် သေချာကြောင်း ဖော်ပြနေကြသည်။
ဂျူဗင်တပ်စ်နှင့် ဘာစီလိုနာအသင်းသည် အောက်တိုဘာ (၂၈)ရက်တွင် တူရင်မြို့၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။