လစာလျှော့ချမှုကို လက်မခံသည့် ဘာစီလိုနာကစားသမားများဘက်မှ AFE ရပ်တည်

လစာလျှော့ချမှုကို လက်မခံသည့် ဘာစီလိုနာကစားသမားများဘက်မှ AFE ရပ်တည်
Photo: Getty Images
Photo: Getty Images
Published 23 October 2020

စပိန်ရှိ ကစားသမားများအဖွဲ့အစည်း(AFE) သည် လစာလျှော့ချမည့်အစီအစဉ်ကို လက်မခံသည့် ဘာစီလိုနာအသင်း ကစားသမားများဘက်မှ ထောက်ခံရပ်တည်ပေးလျက်ရှိကြောင်း သိရသည်။

    

ဘာစီလိုနာအသင်းသည် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ဘဏ္ဍာရေးကျပ်တည်းသဖြင့် စီနီယာအသင်း ကစားသမားများအပါအဝင် ဝန်ထမ်းအားလုံး၏လစာကို (၃၀)ရာခိုင်နှုန်း လျှော့ချ ရန် စီစဉ်လျက်ရှိသည်။ 

ဘာစီလိုနာအသင်း၏ အဝတ်လဲခန်းအတွင်း ပြိုကွဲမှုဖြစ်ပေါ်နေပြီး လစာလျှော့ချမည့်အစီအစဉ်ကို လက်ခံသူ အနည်းငယ်ရှိသလို အများစုကမူ အသင်း၏ လုပ်ဆောင်မှုများကို အယုံအကြည်မရှိဖြစ် နေကြောင်း စပိန်နိုင်ငံထုတ် Marca သတင်းစာက ဖော်ပြသည်။ 



ထို့ပြင် စီနီယာအသင်း ကစားသမားများသည် လစာ (၃၀)ရာခိုင်နှုန်း လျှော့ ချမည့်အစီအစဉ်ကို လက်မခံကြောင်း Burofaxမှတစ်ဆင့် အသင်းထံ ပေးပို့ထားပြီး ယင်းကဲ့သို့ ပေးပို့ခြင်းကို AFE က ထောက်ခံခဲ့ ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆွာရက်ဇ်၊ ဗီဒယ်လ်၊ ရာကီတစ် စသည့်ကစားသမားများကိုလည်း ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ရောင်းချခဲ့ရသည်။

Most Read

Most Recent