အယ်လ်ချီ - ဗလင်စီယာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ နံနက် ၁:၃၀ နာရီ)
နောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲမရှိ၊ ပေးဂိုးမရှိကစားပြထားတဲ့ တန်းတက် အယ်လ်ချီရဲ့ ကစားအားက ဗလင်စီယာကို ဖိအား ကောင်းကောင်းပေးဦးမှာ သေချာနေတယ်။ ဗလင်စီယာရဲ့ခြေစွမ်းက မျှော်လင့်သလို ဖြစ်မလာသေးတဲ့အပြင် ခံစစ်မငြိမ်မှုကလည်း အယ်လ်ချီအတွက် အကြိုက်တွေ့စရာလိုဖြစ်နေလို့ ဗလင်စီယာတို့ ရုန်းကန်ရဦးမယ့်ပွဲပါပဲ။ တစ်ခုရှိတာက ဒီရာသီ လာလီဂါအိမ်ကွင်း (၂)ပွဲကစားပြီးချိန်မှာ အယ်လ်ချီတို့ နိုင်ပွဲမရသေးသလို၊ သွင်းဂိုးလည်းမရသေးတာ တွေ့ရတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရတော့ အယ်လ်ချီနဲ့ ဂိုးအနည်းပဲကောင်းမယ်။