၀ါရင့်တိုက်စစ်မှူးဖြစ်သူ ဂျက်ကိုအား စာချုပ်သက်တမ်းတိုးရန် ရိုးမားကမ်းလှမ်း

၀ါရင့်တိုက်စစ်မှူးဖြစ်သူ ဂျက်ကိုအား စာချုပ်သက်တမ်းတိုးရန် ရိုးမားကမ်းလှမ်း
Photos : Getty Images
Photos : Getty Images
Published 21 October 2020

အသက် (၃၄)နှစ်အရွယ်ရှိ ဘော့စနီးယားတိုက်စစ်မှူး ဂျက်ကိုသည် ရိုးမားအသင်းတိုက်စစ်ပိုင်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး အသင်းနှင့်သူ၏လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ရိုးမားအသင်းသည် အသင်း၏ ၀ါရင့်တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဂျက်ကို အား ၂၀၂၃ ခုနှစ်အထိသက်တမ်းရှိမည့် တစ်နှစ်စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်း ခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အသက် (၃၄)နှစ်အရွယ်ရှိ ဘော့စနီးယားတိုက်စစ်မှူး ဂျက်ကိုသည် ရိုးမားအသင်းတိုက်စစ်ပိုင်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး အသင်းနှင့်သူ၏လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

၂၀၁၅ ခုနှစ်နွေရာသီအ ပြောင်းအရွှေ့တွင် မန်စီးတီးအသင်းမှ ရိုးမားအသင်းသို့ ပြောင်းရွှေ့လာခဲ့သည့်  ဂျက်ကိုသည် ရိုးမားအသင်းအတွက် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၂၅)ပွဲကစားကာ (၁၀၈)ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

Most Read

Most Recent