၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၆၀၉ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၄၃၆ တန်ကျော်ဖြင့် အများဆုံးဖြစ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၆၀၉ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၄၃၆ တန်ကျော်ဖြင့် အများဆုံးဖြစ်
သတ္တုလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
သတ္တုလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
Published 20 October 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၆၀၉ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၄၃၆ တန်ကျော်ဖြင့် အများဆုံးဖြစ်ကာ ကယားပြည်နယ်မှ ၁၇၃ တန်ကျော် ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခဲမဖြူနှင့် အဖြိုက်နက်ထုတ်လုပ်မှုတွင် ကယားပြည်နယ်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၁၈ ဒသမ ၂၈၉ တန်၊ နိုဝင်ဘာတွင် ၂၀ ဒသမ ၃၂၀၀ တန်၊ ဒီဇင်ဘာတွင် ၂၁ ဒသမ ၃၃၇၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၂၃ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီလတွင် ၂၁ ဒသမ ၃၃၇ တန်နှင့် မတ်လတွင် ၁၈ ဒသမ ဒသမ ၂၈၉၀ တန်၊ ဇူလိုင်လတွင် ၁၅ ဒသမ ၂၄၁၀၊ သြဂုတ်လတွင် ၂၀ ဒသမ ၃၂၁၀ တန်နှင့် စက်တင်ဘာတွင် ၁၅ ဒသမ ၂၄၁၀ တန် ထုတ်လုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၉  ခုနှစ် အောက်တိုဘာတွင် ၁၀ တန်၊ နိုဝင်ဘာတွင် ၄၅ ဒသမ ၈၂၂၁ တန်၊ ဒီဇင်ဘာလတွင် ၃၆ ဒသမ ၁၇၄၀ တန်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၃၃ တန်၊ ဖေဖော်ဝါရီတွင် ၄၅ ဒသမ ၇၁၄၀ တန်နှင့် မတ်လတွင် ၅၅ တန်နှင့် ဧပြီလတွင် ၂၈ တန်နှင့် မေလတွင် ၇၅ တန်၊ ဇွန်လတွင် ၃၁တန်နှင့် ဇူလိုင်လတွင် ၁၀ ဒသမ ၉၃၉၀ တန်၊ သြဂုတ်လတွင် ၁၈ ဒသမ ၀၁၁၀ တန်နှင့် စက်တင်ဘာလတွင် ၄၇ ဒသမ ၆၅၁၀ တန် ထုတ်လုပ်ထားသည်။

လအလိုက် ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၂၈ ဒသမ ၂၈၉၀ တန်၊ နိုဝင်ဘာတွင် ၆၆ ဒသမ ၁၄၂၀ တန်၊ ဒီဇင်ဘာတွင် ၅၇ ဒသမ ၄၁၁၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၅၆ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီတွင် ၆၇ ဒသမ ၁၅၁၀ တန်၊ မတ်လတွင် ၇၃ ဒသမ ၂၈၉၀ တန်နှင့် ဧပြီလတွင် ၂၈ တန်နှင့် မေလတွင် ၇၅ တန်၊ ဇွန်လတွင် ၃၁ တန်နှင့် ဇူလိုင်လတွင် ၂၆ ဒသမ ၁၈ တန်၊ သြဂုတ်လတွင် ၃၈ ဒသမ ၃၃၂၀ တန်နှင့် စက်တင်ဘာလတွင် ၆၂ ဒသမ ၈၉၂၀ တန် ထုတ်လုပ်ထားသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက်အပါအဝင် စမ်းသပ်ဖြစ်မြောက်လုပ်ကွက်ပေါင်း ၁၂၀၀ နီးပါး ခွင့်ပြုမိန့်ထုတ်ပေးထားပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံး ခွင့်ပြုပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent