ဒီပိုင်းကိုခေါ်ယူရန် ဇန်နဝါရီတွင်ထပ်မံကြိုးပမ်းမည်ဟု ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်း အတည်ပြု

ဒီပိုင်းကိုခေါ်ယူရန် ဇန်နဝါရီတွင်ထပ်မံကြိုးပမ်းမည်ဟု ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်း အတည်ပြု
Photo : Getty Images
Photo : Getty Images
Published 20 October 2020

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက လိုင်ယွန်အသင်း၏ နယ်သာလန်လက်ရွေးစင်တိုက်စစ်ကစားသမား ဒီပိုင်းကို ခေါ်ယူရန် ဇန်နဝါရီတွင် ထပ်မံကြိုးပမ်းမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

ကိုးမန်းသည် နယ်သာလန်လက်ရွေးစင်အသင်း၌ လက်တွဲခဲ့ဖူးသည့် ဒီပိုင်းကို ဘာစီလိုနာအသင်းသို့ခေါ်ယူရန် ဆန္ဒရှိနေပြီး နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးရက်အထိ ကြိုးပမ်းခဲ့သည်။

ဒီပိုင်းနှင့် လိုင်ယွန်အသင်း၏စာချုပ်မှာ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီး လာမည့်နှစ်တွင် အလွတ်ခေါ်ယူနိုင်မည်ဖြစ်သော်လည်း ဇန်နဝါရီမှာပင် ခေါ်ယူနိုင်ရန် ကိုးမန်းက ဆန္ဒရှိနေခြင်းဖြစ်သည်။

''ဒီအပြောင်းအရွှေ့ဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။ ကျွန်တော်ကြိုးစားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူ့ကို ဒီမှာရှိစေချင်လို့ပါ။ ကလပ်ရဲ့ ဇန်နဝါရီဘဏ္ဍာရေးအခြေအနေကို အခုအချိန်မှာ ခန့်မှန်းပြီးပြောလို့မရပါဘူး။ စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော့်မှာ ဒါတွေကိုဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာမရှိပါဘူး။ အဲဒါက ကလပ်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော့်အတွက်တော့ စောင့်နေဖို့ပါပဲ။ မမ်ဖစ် (ဒီပိုင်း) ကို လိုချင်တယ်ဆိုတာ သူက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး အရည်အသွေးရှိတဲ့သူဖြစ်လို့ပါ။ ကျွန်တော့်အသင်းက အထူးသဖြင့် တိုက်စစ်လမ်းကြောင်းတွေ အားနည်းတယ်လို့ မြင်ပါတယ်''ဟု ကိုးမန်းက ပြောကြားသည်။

ဘာစီလိုနာအသင်းသည် ဇန်နဝါရီတွင် ဒီပိုင်းကို ယူရိုသန်း ၂၀ ဖြင့် ကမ်းလှမ်းဖွယ် ရှိသည်။

 

Most Read

Most Recent